ပုံမှန်အနေအထား ပြန်ရောက်ရန် အရောင်းဆိုင်များသို့ စက်သုံးဆီ လုံလောက်စွာ ရောင်းချပေးထားပြီဖြစ်ကြောင်း စက်သုံးဆီအသင်း ပြော

0
242

စက်သုံးဆီ အရောင်းဆိုင်များထံသို့ လုံလုံလောက်လောက် ရောင်းချပေးထားသည့်အတွက် မကြာမီရက်ပိုင်းအတွင်း ပုံမှန်အနေအထားသို့ ပြန်လည်ရောက်ရှိလာမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ စက်သုံးဆီ တင်သွင်းသိုလှောင် ရောင်းချဖြန့်ဖြူးရေးအသင်းမှ သိရသည်။

ဒီဇင်ဘာလ (၁၂) ရက်တွင် ရန်ကုန်‌တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တိုင်းဒေသကြီး ဝန်ကြီးများက သီလဝါဆိပ်ကမ်းရှိ စက်သုံးဆီ သိုလှောင်ကန်စခန်းများတွင် စက်သုံးဆီသိုလှောင်ထားရှိမှု အခြေအနေနှင့် ဆီသယ်ယာဉ်များပေါ်သို့ စက်သုံးဆီဖြည့်တင်းနေမှု အခြေအနေများကို လိုက်လံကြည့်ရူခဲ့ကြောင်း သိရသည်။

ရန်ကုန်တိုင်း ဒေသကြီးအတွင်း စက်သုံးဆီ အရောင်းဆိုင် (၁၄၆)ဆိုင်ရှိရာ ယခင်လများနှင့်မတူဘဲ ပွင့်လင်းရာသီ ရောက်ရှိလာမှုကြောင့် စက်သုံးဆီသုံးစွဲမှု ဝယ်လိုအား မြှင့်တက်လာကြောင်း သိရသည်။

ထို့ပြင် မော်တော်ဆိုင်ကယ်၊ လယ်ယာသုံးစက်ကိရိယာများနှင့် အခြားစက်သုံးဆီထည့်၍ သုံးစွဲရသည့်အတွက်လည်း စက်သုံးဆီဝယ်လိုအားမှာ သိသိသာသာမြှင့်တက်လာခြင်းဟု အသင်းတာဝန်ရှိသူများက ဆိုသည်။

အချို့ဆိုင်များတွင် သိုလှောင်ကန်သို့ ဆီသယ်ယာဉ် ဆီဖြည့်သွားစဉ် ခေတ္တခဏ အရောင်းရပ်ထားခြင်းများကြောင့် ဆီပြတ်တောက်မည်စိုးရိမ်သော သုံးစွဲသူပြည်သူများက စိုးရိမ်စိတ်ဖြင့် တစတစများပြားလာခြင်း ဖြစ်ကြောင်း သိရသည်။

တိုင်းဒေသကြီး ဝန်ကြီးချုပ်က ဆီသိုလှောင်ကန်မှ ဆီသယ်ယာဉ်များအပေါ်သို့ ဆီဖြည့်သွင်းသည့် စနစ်အားနည်းချက်မရှိရေး၊ အစီအစဉ်တကျဖြည့်သွင်းခြင်း၊ထွက်ခွာခြင်းနှင့် ဆိုင်အရောက် မြန်ဆန်ရေးစနစ်သည် အကောင်းဆုံးဖြစ်၍ ဆောင်ရွက်ကြရန် တိုက်တွန်းခဲ့ကြောင်း သိရသည်။

ယခုအခါတွင်ဆီတန်းစီမှု ကြာချိန်များ​လျော့ပါးလာပြီဖြစ်​ကြောင်း ကား​မောင်းသူအများစုကဆိုသည်။
လိုသ​လောက်ဖြည့်၍ရသည့်ဆိုင်များတွင်တော့ အချိန်​ကြာလည်းစောင့်ဆိုင်း၍ ဖြည့်​နေကြသည်ဟုဆိုသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here