မန္တလေး – ရန်ကုန် လူစီးရထား ကျောက်တံခါးမြို့နယ်တွင် ရီမုမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခံရ

0
152

မန္တလေးမှ ရန်ကုန်သို့ ဒီဇင်ဘာ (၁၂) ရက် ညပိုင်းက မောင်းနှင်လာသည့် စက်ခေါင်းအမှတ် DF/2083 ၊ လူစီးရထားသည် ကျောက်တံခါးမြို့နယ်အတွင်း၌ မိုင်းခွဲတိုက်ခိုက်ခံခဲ့ရကြောင်း သိရသည်။

ဒီဇင်ဘာ (၁၃) ရက် နံနက် (၃) နာရီ (၄၅) မိနစ်တွင် ကျောက်တံခါးမြို့ အရှေ့တောင်ဘက် မီတာ ၇၅၀၀ အကွာ၊ ရထား လမ်း ကြေးနန်းမိုင်တိုင်အမှတ် (၁၀၃/၂၄)နှင့် (၁၀၄/၁)ကြားတွင် ရီမုမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခံရခြင်း ဖြစ်သည်။

အဆိုပါ ရီမုမိုင်းများဖြင့် ဖောက်ခွဲတိုက်ခိုက်မှုကို KNLA ၊ PDF ပူးပေါင်းအဖွဲ့များမှ လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ရထားစက် ခေါင်းတွဲနှင့် ရထားတွဲ (၂) တွဲ လမ်းချော်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

မိုင်းပေါက်ကွဲမှုကြောင့် ရထားပေါ်တွင် လိုက်ပါလာသော မီးရထားဝန်ထမ်းများနှင့် ခရီးသည်များ ထိခိုက်ဒဏ်ရရှိမှု မရှိကြောင်း သိရှိရပြီး ရထားသံလမ်းများနှင့် ဇလီဖားတုံးများ ပြတ်တောက်ပျက်စီးခဲ့ရကြောင်းလည်း သိရသည်။

အဆိုပါ မီးရထားလမ်း ပျက်စီးခဲ့သည့်နေရာအား သက်ဆိုင်ရာတာဝန်ရှိသူများက ပြန်လည်ပြုပြင်ခြင်းလုပ်ငန်းများကို အမြန်ဆုံး ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက နယ်မြေလုံခြုံရေးအတွက် လိုအပ်သည့် လုံခြုံရေးလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here