အမေရိက ကထုတ်ပြန်သော ၂၀၂၄ အတွက် ခရီးမသွားသင့်သောနိုင်ငံများ စာရင်း၌မြန်မာပါဝင်

0
219

ဝါရှင်တန်၊ဒီဇင်ဘာ ၁၃

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက လာမည့် ၂၀၂၄ ခုနှစ်အတွင်း အမေရိကန်နိုင်ငံသားများအနေဖြင့် ခရီးမသွားသင့်သောနိုင်ငံပေါင်း ၂၁ နိုင်ငံစာရင်းအားထုတ်ပြန်ခဲ့ရာ မြန်မာနိုင်ငံပါဝင်ကြောင်း သိရသည်။

မြန်မာနိုင်ငံသည် ယဉ်ကျေးမှုအမွေအနှစ်များ ပေါများသောနိုင်ငံဖြစ်သော်လည်း လက်ရှိဖြစ်နေသည့်အခြေအနေများကြောင့် ဘေးကင်းလုံခြုံမှုကို အကျယ်တဝင့် ထည့်သွင်း စဉ်းစားရမည်ဖြစ်ကြောင်းလည်းအမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောသည်။

ကန်နိုင်ငံခြားရေးဝန်ကြီးဌာနသည် အမေရိကန်နိုင်ငံသားများ ခရီးမသွားသင့်သောနိုင်ငံများစာရင်းကို ၂၀၂၃ ခုနှစ်ဇူလိုင်လကထုတ်ပြန်ခဲ့ပြီး လက်ရှိအချိန်အထိ အဆိုပါနိုင်ငံများနှင့်ပတ်သက်ပြီး အပြောင်းအလဲလုပ် ထုတ်ပြန်ခြင်းမျိုးမရှိသေးပေ။

မြန်မာနိုင်ငံသည်လက်ရှိအချိန်တွင် ပြည်တွင်းရေးမတည်ငြိမ်မှုများ၊ကျန်းမာရေးစောင့်ရှောက်မှုအရင်းအမြစ်များကောင်းမွန်မှုမရှိကြောင်းလည်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနကဖော်ပြထားသည်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ခရီးမသွားသင့်သော ‘Level 4: Do Not Travel’ အဆင့်သတ်မှတ်ထားသော နိုင်ငံများစာရင်းတွင် မြန်မာနိုင်ငံ နှင့်အတူ ရုရှား၊ဘီလာရုစ့်တို့လည်းပါဝင်နေသည်။

ထို့ပြင် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနကထုတ်ပြန်ခဲ့သည့် ခရီးမသွားသင့်သောနိုင်ငံပေါင်း ၂၁ နိုင်ငံစာရင်းထဲတွင် ယူကရိန်း၊ ဗင်နီဇွဲလား၊ ဟေတီ၊ အီရန်၊မြောက်ကိုရီးယား၊ နိုင်ဂျာ၊ ဆိုမာလီယာ၊ ယီမင်၊ လက်ဘနွန်၊ အာဖဂန်နစ္စတန်နိုင်ငံ၊ ဘာကီနာဖာဆို၊ တောင်ဆူဒန်နှင့် ဆီးရီးယားနိုင်ငံတို့လည်း ပါဝင်နေကြောင်းသိရသည်။

Ref : အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန


LEAVE A REPLY

Please enter your comment!
Please enter your name here