ယူကရိန်းတွင် ကြီးမားသော ဆိုက်ဘာတိုက်ခိုက်မှုကြုံရသဖြင့် ဘဏ်ဝန်ဆောင်မှုများနှင့် လေကြောင်းရန်သတိပေးဥသြစနစ်များ အခက်တွေ့

0
224

ယူကရိန်း၏ အကြီးဆုံး မိုဘိုင်းအော်ပရေတာကုမ္ပဏီ၏ ဆက်သွယ်ရေးစနစ်အား အင်္ဂါနေ့က ဆိုက်ဘာတိုက်ခိုက်မှုကြီးတစ်ခုဖြင့် တိုက်ခိုက်ခြင်းခံခဲ့ရရာ ဒေသဆိုင်ရာ လေကြောင်းတိုက်ခိုက်မှု သတိပေးချက်စနစ်များနှင့် ယူကရိန်းနိုင်ငံသားများအတွက် ဘဏ်ဝန်ဆောင်မှုစနစ်အချို့ အနှောင့်အယှက်ပေးခံခဲ့ရကြောင်း ယင်းအော်ပရေတာကုမ္ပဏီနှင့် ဒေသဆိုင်ရာ အာဏာပိုင်များက ပြောကြားခဲ့သည်။

အဆိုပါ တိုက်ခိုက်မှုသည် ယူကရိန်း၏ အရေးပါသော အခြေခံအဆောက်အအုံအပေါ် ပိုမိုထိရောက်သော ရုရှားတို့၏ ဆိုက်ဘာတိုက်ခိုက်မှုများထဲမှ တစ်ခု ဖြစ်ပုံရကြောင်း ပညာရှင်တို့က ဆိုသည်။

အဆိုပါ ဆိုက်ဘာတိုက်ခိုက်မှုကြောင့် Kyivstar မိုဘိုင်းအော်ပရေတာကုမ္ပဏီ၏ အိုင်တီအခြေခံအဆောက်အအုံများကို ပျက်စီးစေခဲ့ပြီး ယင်းဖြစ်ရပ်ကို ထိန်းချုပ်ရန်အတွက် ကုမ္ပဏီ၏ ကွန်ရက်ချိတ်ဆက်မှုများကို ပိတ်ပစ်ခဲ့ရကြောင်း ကုမ္ပဏီ၏ စီအီးအို Oleksandr Komarov က ယူကရိန်းရုပ်မြင်သံကြားတွင် ပြောကြားခဲ့သည်။

Kyivstar မိုဘိုင်းအော်ပရေတာကုမ္ပဏီသည် ၂၀၂၂ ခုနှစ် အကုန်တွင် သုံးစွဲသူ ၂၄.၈ သန်းရှိခဲ့သည်ဟု ယူကရိန်းအစိုးရသတင်းအချက်အလက်အေဂျင်စီ Ukrinform ကဆိုသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here