ရွှေတိဂုံဘုရား ရင်ပြင်တော်ရှိ ကြွေပြားများအား သန့်ရှင်းရေးလုပ်​နေ

0
353

ယခုကာလသည် မိုးရာသီကုန်ဆုံးသွားပြီဖြစ်သည့်အတွက် ရန်ကုန်မြို့ရှိ သမိုင်းဝင် အထင်ကရ စေတီတော်တစ်ဆူဖြစ်သည့် ရွှေတိဂုံစေတီတော်မြတ်ကြီး၏ ရင်ပြင်တော်ကြွေပြားများအား သန့်ရှင်းရေးပြုလုပ်လျက်ရှိ​နေသည်။

စေတီရင်ပြင်တော်ရှိ အချို့နေရာများအား အရံအတားများဖြင့် ကာရံကာ ရေညှိများ၊ အစွန်းအထင်းများနှင့် အညစ်အကြေးများကို ဆေးကြောသန့်ရှင်းရေးလုပ်ငန်းလုပ်ကိုင်ဆောင်ရွက်နေခြင်း ဖြစ်သည်။

ကိုဗစ် – ၁၉ ရောဂါဖြစ်ပွားမှု လျော့နည်းလာပြီး နောက်ပိုင်းတွင် စေတီတော်သို့ လာရောက်ဖူး​မျှော်မည့် ဘုရားဖူးပြည်သူများ အဆင်ပြေစေရန် မနက် (၅)နာရီမှ ည (၈) နာရီအထိ ဖွင့်လှစ်ပေးထားကြောင်း ရွှေတိဂုံစေတီတော် ဘဏ္ဍာထိန်းဂေါပက အဖွဲ့ထံမှ သိရသည်။

ပြီးခဲ့သည့် တန်ဆောင်မုန်း လပြည့်နေ့တွင် ရွှေတိဂုံစေတီသို့ လာရောက်သည့် ဘုရားဖူးဧည့်သည်အနေဖြင့် သံဃာတော်အပါးရေ ၇၇၀၊ သီလရှင်အပါးရေ ၄၀၀ အပါအဝင် ဘုရားဖူးဧည့်သည် ၇၃၈၀၈ ဦးရှိကြောင်း သိရသည်။

ထို့အပြင် ပြီးခဲ့သည့် ရွှေတိဂုံစေတီတော်သို့ နိုဝင်ဘာလအတွင်း ပြည်တွင်းပြည်ပမှ ဘုရားဖူးဧည့်သည် ၆ သိန်း ၅ သောင်းကျော် လာရောက်ဖူးမျှော်ခဲ့ကြောင်း ရွှေတိဂုံစေတီတော်ဘဏ္ဍာထိန်း ဂေါပကအဖွဲ့မှ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here