မြဝတီမြို့နယ်၊ သင်္ကန်းညီနောင်ရှိ 230 KV ဓာတ်အားခွဲရုံအား Drop Bomb များဖြင့် ပစ်ချတိုက်ခိုက်ခံရ

0
209

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ သင်္ကန်းညီနောင်မြို့သစ်ရှိ 230 KV ဓာတ်အားခွဲရုံအား ယနေ့ ဒီဇင်ဘာ (၁၃) ရက် နံနက် (၆) နာရီ (၁၅) မိနစ်ခန့်တွင် KNLA နှင့် PDF အဖွဲ့တို့က Drop Bomb များဖြင့် ပစ်ချတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ယင်းကဲ့သို့ ဗုံးချတိုက်ခိုက်မှုကြောင့် ဓာတ်အားခွဲရုံရှိ 50 M VA Main Transformer ၏ Generator Circuit Breaker ၊ အအေးခံကိရိယာနှင့် ကြွေသီး ၂ လုံး၊ 20 MVA Main Transformer ၏ အအေးခံကိရိယာများ ဗုံးစထိမှန်ပျက်စီးခဲ့ကြောင်း နစက၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

လက်ရှိတွင် မြဝတီမြို့နယ်အတွင်းရှိ ဒေသခံ ပြည်သူများထံသို့ လျှပ်စစ်ဓာတ်အားပေးပို့မှု ပြတ်တောက်လျက်ရှိပြီး ပျက်စီးမှုများရှိခဲ့သည့် ဓာတ်အားခွဲရုံအား သက်ဆိုင်ရာတာဝန်ရှိသူများက ပြန်လည်ပြုပြင်ခြင်း လုပ်ငန်းများ အမြန်ဆုံး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

KNLA နှင့် PDF ပူးပေါင်းအဖွဲ့များသည် ယနေ့ နံနက်အစောပိုင်းတွင် မန္တလေး – ရန်ကုန် လူစီးရထားကိုလည်း ပဲခူးတိုင်းဒေသကြီး ကျောက်တံခါးမြို့နယ်အတွင်း၌ မိုင်းခွဲတိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့သေးသည်။

အဆိုပါ တိုက်ခိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိမှု မရှိခဲ့သော်လည်း ရထားလမ်း ပျက်စီးမှုများ ရှိခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here