မြောင်းမြခရိုင်၌ ယခုနှစ် စားဖိုးဆောင်သီးနှံ ၉၀၇၁ ဧက စိုက်ပျိုးမည်

0
331

ဧရာဝတီတိုင်းဒေသကြီး မြောင်းမြခရိုင်၌ ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် စားဖိုဆောင်သီးနှံ ၉ဝ၇၁ ဧက စိုက်ပျိုးမည်ဖြစ်ကြောင်း မြောင်းမြခရိုင်၊ စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူး ဦးကျော်မိုးဝင်း၏ ပြောပြချက်အရ သိရသည်။

မြောင်းမြခရိုင်၌ စားဖိုဆောင်သီးနှံ ၉ဝ၇၁ ဧကကို ဒီဇင်ဘာလဒုတိယပတ်တွင် စတင်စိုက်ပျိုးမည်ဖြစ်ပြီး သီးနှံများအခက်အခဲမရှိ စနစ်တကျ စိုက်ပျိုးနိုင်ရန် စိုက်ပျိုးရေးဦးစီးဌာန၊ စက်မှုလယ်ယာဦးစီးဌာန၊ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

“ဆောင်းသီးနှံစိုက်ပျိုးရာသီမှာ မြောင်းမြခရိုင်တစ်ခုလုံးအနေနဲ့ စားဖိုဆောင်သီးနှံ ၉ဝ၇၁ ဧက စိုက်ပျိုးမှာဖြစ်ပါတယ်။ စားဖိုဆောင်သီးနှံတွေကို မြောင်းမြမြို့နယ်မှာ အများဆုံးစိုက်ပျိုးမှာ ဖြစ်ပါတယ်။ ဆောင်းသီးနှံတွေအားလုံး အခက်အခဲမရှိ စနစ်တကျ စိုက်ပျိုးနိုင်ဖို့ ဒေသခံတောင်သူတွေနဲ့ ခရိုင်စိုက်ပျိုးရေးဦးစီးဌာနတို့ ပူးပေါင်းလုပ်ဆောင်နေပါတယ်”ဟု ဦးစီးမှူး ဦးကျော်မိုးဝင်းက ပြောသည်။

စိုက်ပျိုးမည့် သီးနှံများ လျာထားချက်ပြည့်မီစေရေးနှင့် ပျက်စီးထိခိုက်မှု မရှိစေရေးအတွက် ပိုးမွှားရောဂါကာကွယ်နှိမ်နင်းရေး နည်းပညာပေး၊ အသိပညာပေးလုပ်ငန်းတွေကိုလည်း သီးနှံများ မစိုက်ပျိုးမီကတည်းက မြေပြင်အထိ ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

မြောင်းမြခရိုင်အတွင်း ယခုနှစ်ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် စားဖိုဆောင်သီးနှံ ၉ဝ၇၁ ဧကကို မြောင်းမြ မြို့နယ်၌ ၄၈၈၅ ဧက၊ အိမ်မဲမြို့နယ်၌ ၁၁၈၁ ဧက၊ ဝါးခယ်မမြို့နယ်၌ ၃ဝဝ၅ ဧက စုစုပေါင်း ၉ဝ၇၁ ဧက စိုက်ပျိုးမည်ဖြစ်ကာ အဆိုပါ စားဖိုဆောင်သီးနှံများ စိုက်ပျိုးရာတွင် ဂေါ်ဖီ၊ မုန်လာ၊ နံနံ၊ ချဉ်ပေါင်၊ ကြက်ဟင်းခါး၊ တိုင်ထောင်ပဲ၊ သခွား၊ ခရမ်း၊ ဘူး၊ ရွှေဖရုံ၊ ဟင်းနုနယ် စသည့်သီးနှံများကို အများဆုံးစိုက် ပျိုးမည်ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here