သရက်သီး တက်ခူးသည့် အသက် (၆၀) ကျော် အမျိုးသားတစ်ဦး အပင်ပေါ်မှ ပြုတ်ကျ‌ေ-သဆုံးမှု
သင်္ဃန်းကျွန်းမြို့နယ်တွင် ဖြစ်ပွား

0
197

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်တွင် သရက်သီး တက်ခူးသည့် အသက် (၆၀) ကျော် အမျိုးသားတစ်ဦး အပင်ပေါ်မှ ပြုတ်ကျ‌ေ-သဆုံးမှု ယနေ့ ဒီဇင်ဘာလ (၁၃) ရက် နံနက်ပိုင်းက ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါဖြစ်စဥ်သည် သင်္ဃန်းကျွန်းမြို့နယ်၊ သံသုမာလမ်း၊ကြီးပွားရေးရပ်ကွက်၊ သံလမ်းလူကူး တံတားအနီးတွင် ယနေ့ နံနက် (၁၀) နာရီ (၅၀) မိနစ်ခန့်က ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သုဝဏ္ဏပရဟိတအသင်းထံမှ သိရသည်။

“ သရက်ပင်ပေါ်က လူတစ်ဦးပြုတ်ကျသွားလို့ မျက်မြင်တွေ့သူတွေက ဖုန်းဆက်အကူအညီ တောင်းလာလို့ အသင်းက အရေးပေါ်သွားရောက်ကူညီခဲ့ပါတယ်။ သရက်ပင်ပေါ်က သရက်သီး အကင်းလေးတွေ တက်ခူးရင်းပြုတ်ကျတာလို့ သိရပါတယ်” ဟု သုဝဏ္ဏပရဟိတအသင်းမှ တာဝန်ရှိသူတစ်ဦးက ပေါ်ပြူလာနယူးစ်သို့ ပြောသည်။

အဆိုပါဖြစ်စဥ်ကြောင့် သရက်ပင်ပေါ်မှ ပြုတ်ကျသူ အသက် (၆၀) အရွယ်အမျိုးသားမှာ အခင်းဖြစ်နေရာတွင် ပွဲချင်းပြီး‌ေ-သဆုံးသွားသည့်အတွက် Medical လူငယ်များ အသင်းနှင့်ချိတ်ဆက်ဆောင်ရွက်ပြီး Medical လူငယ်များ အသင်း နာရေးယာဉ်ဖြင့် သင်္ဃန်းကျွန်းပြည်သူ့ဆေးရုံကြီးအရေးပေါ်ဌာန သို့ပို့ဆောင်ကူညီခဲ့ကြောင်း သိရသည်။

ဓာတ်ပုံ – သုဝဏ္ဏပရဟိတအသင်း


LEAVE A REPLY

Please enter your comment!
Please enter your name here