2023-24 AFC Cup ၏အုပ်စုနောက်ပွဲစဉ်ကို Shan United (Myanmar) နှင့် Phnom Penh Crown (Cambodia) တို့ယှဉ်ပြိုင်ကစားမည်

0
208

2023-24 AFC Cup ၏အုပ်စုနောက်ပွဲစဉ်ကို မြန်မာနေရှင်နယ်လိဂ် ချန်ပီယံ Shan United (Myanmar) နှင့် Phnom Penh Crown (Cambodia) တို့ယှဉ်ပြိုင်ကစားမည်ဖြစ်ရာ၊ ယနေ့ ဒီဇင်ဘာ (၁၃)ရက်တွင် ပွဲကြိုသတင်းစာရှင်းလင်းပွဲ တစ်ရပ် ပြုလုပ်ခဲ့ကြသည်။

အဆိုပါ ပွဲကြိုသတင်းစာရှင်လင်းပွဲကို ရန်ကုန်မြို့ သုဝဏ္ဏအားကစားကွင်းရှိ သတင်းစာရှင်းလင်းပွဲခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပြီး၊ သက်ဆိုင်ရာ အသင်းများမှ နည်းပြချုပ်များ၊ ကစားသမားများ တက်ရောက် ဖြေကြားခဲ့ကြသည်။

အဆိုပါ အသင်းနှစ်သင်း ယှဉ်ပြိုင်ကစားမှုကို လာမည့် ဒီဇင်ဘာ (၁၄)ရက် ညနေ (၆)နာရီခွဲအချိန်တွင် သုဝဏ္ဏကွင်း၌ ယှဉ်ပြိုင်ကစားကြမည်ဖြစ်သည်။

ယနေ့ သတင်းစာရှင်းလင်းပွဲတွင် နွမ်းပင် ခရောင်းအသင်း နည်းပြချုပ်က” ရှမ်းယူနိုက်တက်နဲ့ တွေ့ရမယ့်ပွဲက အုပ်စု နောက်ဆုံးပွဲ ဖြစ်တဲ့အပြင် အုပ်စုတက်ရေး အရေးပါတာကြောင့် အနိုင်ရဖို့ ပြင်ဆင် ကစားသွားမှာ ဖြစ်ပါတယ်။ ရှမ်းအသင်းက နောက်တစ်ဆင့်အတွက် အခွင့်အရေး မရှိတော့ပေမယ့် အိမ်ကွင်း နောက်ဆုံးပွဲ ဖြစ်တာကြောင့် ဖိအားမရှိဘဲ ကစားသွားနိုင်ပါတယ်။ ကျွန်တော်တို့ အသင်း အကောင်းဆုံး လုပ်ပြနိုင်မယ်လို့ ယုံကြည်ပါတယ်။”ပြောကြားသည်။

အလားတူ ရှမ်းယူနိုက်တက်အသင်း နည်းပြချုပ်ကလည်း ” နောက်ဆုံးပွဲကို အိမ်ကွင်းမှာ ကစားရမှာ ဖြစ်တာကြောင့် ရလဒ်ကောင်း ယူနိုင်ဖို့ ကြိုးစားသွားမှာပါ။ ပေးဂိုးတွေ အများအပြား ပေးရတာကိုလည်း ပြင်ဆင်သွားမှာ ဖြစ်သလို ဂိုးသွင်းနိုင်ဖို့လည်း ပြင်ဆင်သွားမှာပါ။”ဟု ဆိုသည်။

ရှမ်းယူနိုက်တက်အသင်းအနေဖြင့် ပြိုင်ပွဲမစတင်မီ အသင်းနှစ်သင်းစာ ခေါ်ထားသော်လည်း ကစားသမားအချို့၏ အနာဂတ်ကိုထောက်ရှု့၍ အသင်းပြောင်းခွင့် ပြုထားရကြောင်း သိရသည်။

ပြိုင်ဘက်အသင်းများအနေဖြင့် နိုင်ငံခြားသား ကစားသမား ပါဝင်ခွင့်က အနည်းဆုံး (၆)ဦးရှိပြီး၊ မွေးစား နိုင်ငံသားအဖြစ်ပါ ခံယူထားခြင်းကြောင့် ယှဉ်ပြိုင်ကစားရာတွင် ခက်ခဲမှုများရှိ‌ကြောင်း ရှမ်းယူနိုက်တက်အသင်း နည်းပြချုပ် ဦးဟန်ဝင်းအောင်ကသတင်းစာရှင်းလင်းပွဲအတွင်း ပြောကြားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here