ဟင်းသီး ဟင်းရွက် သစ်သီးဝလံနှင့် ပန်းမန်ပြပွဲပြိုင်ပွဲ ကျင်းပမည်

0
293

(၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ဖလား ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံနှင့် ပန်းမန်ပြပွဲပြိုင်ပွဲကို ၂ဝ၂၄ ခုနှစ် ဇန်နဝါရီလ (၁) ရက်မှ (၇) ရက်အထိ ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ်ရှိ ကန်တော်ကြီး သဘာဝဥယျာဉ် ပုလဲ/မဟာမြိုင်ကျွန်း ဆင်ဖြူတော်ရုပ်တုများနှင့် စိုက်ပျိုးရေးပြတိုက်အနီး၌ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ပြိုင်ပွဲ၌ သစ်သီးဝလံပြိုင်ပွဲ (တစ်လုံးချင်း)၊ သစ်သီးဝလံပြိုင်ပွဲ(ဥစား)၊ သစ်သီးဝလံပြိုင်ပွဲ(အခိုင်လိုက်)၊ သစ်သီးဝလံပြိုင်ပွဲ (အသီးပါအပင်)၊ ဟင်းသီးဟင်းရွက်ပြိုင်ပွဲ (အရွက်)၊ ဟင်းသီးဟင်းရွက်ပြိုင်ပွဲ(အထုပ်)၊ ဟင်းသီးဟင်းရွက်ပြိုင်ပွဲ(ဥစား)၊ ဟင်းသီးဟင်းရွက်ပြိုင်ပွဲ(အလုံးလိုက်)၊ ဟင်းသီးဟင်းရွက်ပြိုင်ပွဲ(အသီးပါအပင်)၊ မြေယာရှုခင်းပြိုင်ပွဲ၊ပြည်ပသစ်ခွပြိုင်ပွဲ (ကတ်တလီယာ)၊ ပြည်ပသစ်ခွပြိုင် ပွဲ (ဗန်ဒါ)၊ ပြည်ပသစ်ခွပြိုင်ပွဲ(ဒန်ဒရိုဗီယမ်)၊ သစ်ခွအခြားအုပ်စုပြိုင်ပွဲ၊ ပြည်တွင်းသစ်ခွပြိုင်ပွဲများ ပါဝင်ကြောင်း သိရသည်။

ထို့အပြင် အရွက်အလှပင်ပြိုင်ပွဲ (Indoor)၊ အရွက်အလှပင်ပြိုင်ပွဲ(Outdoor)၊ ရာသီပန်းပြိုင်ပွဲ၊ သက်ကြီးပုပင်ပြိုင်ပွဲ (Bonsai) (၆ လက်မအောက်)၊ သက်ကြီးပုပင်ပြိုင်ပွဲ (Bonsai) (၆ လက်မနှင့် ၁ဝ လက်မကြား)၊ သက်ကြီးပုပင်ပြိုင်ပွဲ (Bon sai) (၁၀ လက်မအထက်)၊ ပန်းအလှပြင်ဆင်ခြင်းပြိုင်ပွဲ၊ သစ်သီးအလှပြင်ဆင်ခြင်း ပြိုင်ပွဲနှင့် ပန်းအလှပင်ပြိုင်ပွဲ စသည့် ပြိုင်ပွဲအမျိုးအစားများလည်း ပါဝင်ပြီး မည်သူမဆိုဝင်ရောက်ယှဉ်ပြိုင်နိုင်ကြောင်း သိရသည်။

ပြိုင်ပွဲဝင်ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံ နှင့်ပန်းမန်များကို ဒီဇင်ဘာလ (၃ဝ) ရက် နံနက် (၈) နာရီမှ ညနေ (၅) နာရီအတွင်း ပြိုင်ပွဲကျင်းပမည့်နေရာသို့ ပေးပို့ရမည်ဖြစ်ပြီး မြေ ယာရှုခင်း (Land- scaping) ပြိုင်ပွဲကို ဒီဇင်ဘာလ (၂၉) ရက်မှ (၃၁) ရက်အထိ အပြီးပြင်ဆင်ရမည်ဖြစ်ကြောင်း သိရသည်။

ထို့အတူ သစ်သီးအလှ ပုံဖော်ပြိုင်ပွဲကို ဒီဇင်ဘာလ (၃၁) ရက် ညနေ (၃) နာရီမှ (၅)နာရီအထိ၊ ပန်းအလှပြင်ဆင်ခြင်းပြိုင်ပွဲ ကို ၂ဝ၂၄ ခုနှစ် ဇန်နဝါရီလ (၁) ရက် နံနက် (၅) နာရီခွဲမှ (၇) နာရီအထိ ယှဉ်ပြိုင်ကြမည်ဖြစ်ကြောင်း သိရသည်။

ပြိုင်ပွဲဝင်လျှောက်လွှာစည်းကမ်းချက်များနှင့် အရောင်းဆိုင်များကို မြန်မာနိုင်ငံ ပန်းဝါသနာရှင်အသင်း ပြည်သူ့ရင်ပြင်နှင့် ပြည်သူ့ဥယျာဉ် ဖုန်း ဝ၁-၃၇၉၃၆၁၊ ရန်ကုန်တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဥမ္မာအေး ဖုန်း-၀၉-၄၂၈၅၅၂၄၉၄၊ ရန်ကုန်မြို့တော်စ ည်ပင်သာယာရေးကော်မတီ ပန်းဥယျာဉ်နှင့် အားကစားကွင်းများဌာန ဒုတိယညွှန်ကြားရေးမှူး ဦးအောင်ဇော်ဦး ဖုန်း -ဝ၉-၂၅၉၁၉၈၃၈၄ တို့တွင် အခမဲ့ဆက်သွယ်ရယူနိုင်ကြော င်း သိရသည်။

ရန်ကုန်မြို့တွင် ဟင်းသီး ဟင်းရွက်၊ သစ်သီးဝလံနှင့် ပန်းမန်ပြပွဲ ပြိုင်ပွဲများကို ၁၉၉၃ ခုနှစ်မှ စတင်ကာ ၂၀၂၀ ပြည့်နှစ်အထိ နှစ်စဉ် ပြုလုပ်ခဲ့ပြီးနောက် ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ၂၀၂၁ ခုနှစ်နှင့် ၂၀၂၂ ခုနှစ်များတွင် ပြပွဲပြိုင်ပွဲများကိုယာယီ ရပ်နားထားခဲ့ရာမှ ၂၀၂၃ခုနှစ်၊ ဇန်နဝါရီတွင် ပြန်လည်ပြုလုပ်ရန် စီစဉ်ဆောင်ရွက်ခြင်းဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here