ပိုမိုဆိုးရွားလာသော အကျပ်အတည်းများအား ၂၀၂၄ ခုနှစ်တွင် တုံ့ပြန်ရန် ကန်ဒေါ်လာ ၄၆ ဘီလီယံ ကုလသမဂ္ဂ တောင်းဆို

0
194

ပဋိပက္ခများ၊ ရာသီဥတု အရေးပေါ်အခြေအနေများနှင့် ပြိုကျနေသော စီးပွားရေးများအစရှိသည့် ကမ္ဘာတစ်ဝှမ်းရှိ လူမှုအသိုင်းအဝိုင်းများကို ထိခိုက်ပျက်စီးစေသည့်အဖြစ်များ ဆက်လက်ဖြစ်ပေါ်နေသဖြင့် ကပ်ဘေးငတ်မွတ်မှု၊ အစုလိုက် အပြုံလိုက် အိုးမဲ့အိမ်မဲ့နှင့် ရောဂါ ဘယများ ရင်ဆိုင်နေရသော ကမ္ဘာတစ်ဝှမ်းရှိ လူပေါင်း ၁၈၁ သန်းကို ၂၀၂၄ ခုနှစ်အတွင်းတွင် ကူညီထောက်ပံ့ရန်အတွက် လိုအပ်နေသော အမေရိကန်ဒေါ်လာ ၄၆.၄ ဘီလီယံကို မေတ္တာရပ်ခံတောင်းဆိုကြောင်း ကုလသမဂ္ဂက တနင်္လာနေ့တွင် ထုတ်ပြန်ခဲ့သည်။

ကမ္ဘာလုံးဆိုင်ရာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ခြုံငုံသုံးသပ်ချက်ကို ထုတ်ပြန်ကြေညာရာတွင် နိုင်ငံတကာ၏ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ သူရဲကောင်းဆန်သော ကြိုးပမ်းဆောင်ရွက်မှုများကို ကုလသမဂ္ဂ အရေးပေါ်ကယ်ဆယ်ရေး ညှိနှိုင်းရေးမှူး Martin Griffiths က ချီးကျူးပြောကြားခဲ့သော်လည်း နိုင်ငံတကာ၏ ပံ့ပိုးကူညီမှုသည် မြင့်မားသောလိုအပ်ချက်များထက် နည်းပါးနေကြောင်းကို  အလေးပေးပြောကြားခဲ့သည်။

“ဒီနှစ်မှာ ဒေါ်လာ ဘီလီယံ ၂၀ လောက်ရှိတဲ့ အလှူငွေအတွက် အလှူရှင်အားလုံးကို ကျေးဇူးတင်ပါတယ်၊ ဒါပေမယ့် ဒါက လိုအပ်နေတာရဲ့ သုံးပုံတစ်ပုံပဲရှိပါသေးတယ်” ဟု သူက ပြောကြားခဲ့သည်။

“၂၀၂၄ ခုနှစ် မှာ အကူအညီတွေ ထပ်မပေးနိုင်ရင် အတိဒုက္ခရောက်နေသူတွေ အသက်ဆုံးရှုံးကုန်ကြပါလိမ့်မယ်” ဟုလည်း သူက သတိပေးသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here