နမ့်ပငအသေးစား ရေအားလျှပ်စစ် စီမံကိန်းကို ၂၀၂၄ – ၂၀၂၅ ဘဏ္ဍာနှစ်တွင် အပြီးတည်ဆောက်မည်

0
198

ဟုမ္မလင်းမြို့၏ အနောက်ဘက် ၇.၅ မိုင်ခန့်အကွာ၊ နားသကျိုက်ကျေးရွာအနီးတွင် တည်ရှိသည့် နမ့်ပငအသေးစား ရေအားလျှပ်စစ်စီမံကိန်းကို ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် အပြီးသတ် တည်ဆောက်သွားမည်ဖြစ်ကြောင်း သိရသည်။

ဒီဇင်ဘာ (၁၁) ရက်က နမ့်ပငချောင်းပေါ်တွင် တည်ဆောက်လျက်ရှိသည့် နမ့်ပငအသေးစား ရေအားလျှပ်စစ်စီမံကိန်းကို စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် အဖွဲ့ဝင်များက သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။

စီမံကိန်းပြီးစီးပါက ဟုမ္မလင်းမြို့နှင့် အနီးဝန်းကျင်ရှိ ကျေးရွာများမှ ဒေသခံများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးကို များစွာ အထောက်အကူပြုမည်ဖြစ်ရာ လုပ်ငန်းများ သတ်မှတ်ကာလအတွင်း အရည်အသွေးပြည့်မီစွာ တည်ဆောက်ပြီးစီးရန် မှာကြားခဲ့ကြောင်း သိရသည်။

နမ့်ပငစီမံကိန်းသည် တပ်ဆင်စက်အင်အား ၆ မဂ္ဂါဝပ်ဖြစ်ကာ နှစ်စဉ်လျှပ်စစ်ဓာတ်အား ပျမ်းမျှ ၃၄.၆၈ သန်း ကီလိုဝပ်နာရီ ထုတ်လုပ်နိုင်မည်ဖြစ်ကြောင်း သိရသည်။

တည်ဆောက်ရေး လုပ်ငန်းများကို ၂၀၂၄ -၂၀၂၅ ဘဏ္ဍာနှစ်တွင် အပြီးတည်ဆောက်သွားမည်ဖြစ်ကာ လက်ရှိတွင် လုပ်ငန်းအားလုံး၏ ၄၂.၂၆ ရာခိုင်နှုန်းပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here