ထိုင်းနိုင်ငံတွင် ရောက်ရှိနေသည့် အလုပ်သမားများ မြန်မာနိုင်ငံသို့ ပြန်ရန်မလိုဘဲ အထောက်အထားရရှိရေး ဆောင်ရွက်ပေးမည်

0
213

ထိုင်းနိုင်ငံသို့ ရောက်ရှိနေသော အလုပ်သမားများ မြန်မာနိုင်ငံသို့ပြန်ရန်မလိုဘဲ ထိုင်းနိုင်ငံအတွင်း၌ အထောက်အထားရရှိရေး ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း အလုပ်သမားဝန်ကြီးဌာနမှ သိရသည်။

အလုပ်သမားဝန်ကြီးဌာန ဝန်ထမ်းများ၏ သတင်းအတတ်ပညာဆိုင်ရာ အခြေခံရက်တိုသင်တန်း ဖွင့်ပွဲအခမ်းအနားတွင် အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင်က ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

ပြည်ထောင်စုဝန်ကြီးက ထိုင်းနိုင်ငံတွင် ရောက်ရှိနေသည့် အလုပ်သမားများအား မြန်မာနိုင်ငံသို့ ပြန်ရန်မလိုဘဲ ထိုင်းနိုင်ငံအတွင်း၌ အထောက်အထားရရှိရေး ဆောင်ရွက်ပေးမည်ဖြစ်ပြီး ကုန်ကျစရိတ်နှင့် အချိန်ကုန် သက်သာစေရန် CI စာအုပ်ထုတ်ပေးခြင်းလုပ်ငန်းစဉ်ကို ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထိုင်းနိုင်ငံတွင် ရောက်ရှိလုပ်ကိုင်နေသည့် မြန်မာရွှေ့ပြောင်းအလုပ်သမားများအား ကူညီစောင့်ရှောက်ပေးရန် သွားရောက်ခြင်းဖြစ်သည့်အတွက် တာဝန်ထမ်းဆောင်ကြမည့် ဝန်ထမ်းများအနေဖြင့် ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး၏ လမ်းညွှန်မှု၊ အလုပ်သမားသံအရာရှိ၏ ကြီးကြပ်မှုဖြင့် Team Work အဖြစ် စုစည်း၍ လုပ်ငန်းစဉ်များကို အကောင်းဆုံး ဝန်ဆောင်မှုပေးရမည်ဖြစ်ကြောင်းလည်း မှာကြားခဲ့သ ည်။

ယခုနှစ် ဇူလိုင် (၅) ရက် ထိုင်း အစိုးရအဖွဲ့ ဆုံးဖြတ်ချက်အရ ထိုင်းအလုပ်ရှင်များမှ အမည် စာရင်းတင်သွင်းထားသည့် မြန်မာ အလုပ်သမား ကိုးသိန်းခန့်ရှိကြောင်း အဆိုပါ အလုပ်သမားများအား ထိုင်းနိုင်ငံတွင် ဖွင့်လှစ်မည့် CI စခန်း ငါးခုနှင့် Mobile Unit သုံးခုတွင် ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း သိရသည်။

ယင်းအတွက် ပြည်ထဲရေးဝန်ကြီးဌာန၊လူဝင်မှုကြီးကြပ်ရေး နှင့် ပြည်သူ့အင်အားဝန်ကြီးဌာနနှင့် အလုပ်သမားဝန်ကြီးဌာနမှ စုစုပေါင်း အရာထမ်း၊ အမှုထမ်း (၄၀) နှင့် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာနမှ အရာထမ်း၊ အမှုထမ်း (၁၃) ဦးတို့ တာဝန်ထမ်းဆောင်နိုင်ရေး စေလွှတ်မည်ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here