BRI (၁၀) နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ရွှေတိဂုံစေတီတော်တွင် ဆီမီး ၁၀၀၀၀ ပူဇော်ပွဲ ကျင်းပမည်

0
263

တရုတ်အစိုးရ၏ မဟာဗျူဟာမြောက် စီမံကိန်းတစ်ခုဖြစ်သည့် ခေတ်သစ်ပိုးလမ်းမစီမံကိန်း (BRI) စီမံကိန်း (၁၀) နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ရွှေတိဂုံစေတီတော်တွင် ဆီမီး ၁၀၀၀၀ ပူဇော်ပွဲ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ဆီမီး ၁၀၀၀၀ ပူဇော်ပွဲကို ဒီဇင်ဘာ (၁၅) ရက်တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး မန္တလေးမြို့နှင့် ပုဂံမြို့တို့တွင်လည်း ဆီမီးထွန်း ပူဇော်ပွဲများ ငြိမ်းချမ်းရေး ဆုတောင်းပွဲများ ကျင်းပပြုလုပ်ရန် စီစဉ်ထားကြောင်း သိရသည်။

အဆိုပါ Belt & Road (၁၀) နှစ်ပြည့် အထိမ်းအမှတ် ပြုလုပ်မည့် ဆီမီးထွန်းပွဲနှင့် ဆွမ်းကပ်တရားနာ ဆုတောင်းပွဲ ကျင်းပနိုင်ရန် ရန်ကုန်မြို့ Wyndham Grand Hotel ၌ ဒီဇင်ဘာ (၁၂) ရက်က မီဒီယာရှင်းလင်းပွဲ ပြုလုပ်ခဲ့ကြောင်းလည်း သိရသည်။

အဆိုပါ အခမ်းအနားတွင် မြန်မာနိုင်ငံသည် BRI ၏ အရေးပါသော လမ်းကြောင်းပေါ်တွင် တည်ရှိနေကြောင်း ယင်းစီမံကိန်းသည် ပြည်သူအချင်းချင်း ဆက်ဆံမှုမြှင့်တင်ရေးနှင့် ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရေး ဆက်လက်တည်တံ့စေရေး အပြုသဘောဆောင်သည့် အဓိပ္ပာယ်ရှိကြောင်း Belt and Road ဥက္ကဋ္ဌ Mr. Chen Entian က ပြောကြားခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here