လာမည့်နှစ်မှ စတင်ပြီး ကုန်တင်ယာဉ်များကို မှတ်ပုံတင်လုပ်ငန်း ပြန်လည်ဆောင်ရွက်ပေးမည်

0
207

အလုံးစုံအာမခံထားရှိထားသည့် ကုန်တင်ယာဉ်များကို လာမည့် ၂၀၂၄ ခုနှစ်တွင် မှတ်ပုံတင်လုပ်ငန်း ပြန်လည်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူ ပို့ဆောင်ရေး ကြီးကြပ်မှု ကော်မတီ (YRTC) မှ သိရသည်။

” ကိုဗစ်ကာလမှာ မှတ်ပုံတင်လုပ်ငန်းဆောင်ရွက်ပေးတာကို နားထားတာပေါ့။ အဲဒါ အခုမှ ပြန်ပြီးလုပ်ပေးတာပါ”ဟု YRTC ၏ တွဲဖက်အတွင်းရေးမှူး ဦးလျန်ကျင့်မာန်က ပေါ်ပြူလာနယူးစ်သို့ ပြောသည်။

အလုံးစုံ အာမခံထားရှိပြီးသည့် ကုန်စည်ပို့ဆောင်ရေး မော်တော်ယာဉ်များကို ၂၀၁၈ ခုနှစ်မှစတင်ပြီး မှတ်ပုံတင်လုပ်ငန်းများကို ဆောင်ရွက်ပေးနေခြင်း ဖြစ်သည်။

ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ကာလမှ စတင်ပြီး အကြောင်းအမျိုးမျိုးကြောင့် အလုံးစုံ အာမခံထားရှိမှုကို ဖြေလျှော့ပေးခဲ့ပြီး မှတ်ပုံတင်လုပ်ငန်းများ ဆောင်ရွက်ပေးခြင်းကိုလည်း ရပ်နားထားခြင်းဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here