မြန်မာ့နိုင်ငံရေးအငြင်းပွားမှုများအား နစက နှင့်ဆွေးနွေးရာ၌ ထိုင်းအနေဖြင့်ဦးဆောင် ပါဝင်မည်ဟုဝန်ကြီးချုပ်ဆို

0
296

ဘန်ကောက်၊ဒီဇင်ဘာ ၁၃

ထိုင်းနိုင်ငံအနေဖြင့် မြန်မာနိုင်ငံ၌ နှစ်နှစ်ကျော်ကြာသည်အထိဖြစ်ပွားလျက်ရှိနေသော ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခများနှင့် နိုင်ငံရေးအငြင်းပွားမှုများအားဖြေရှင်းနိုင်ရန်အတွက် န်ုင်ငံ​တော် စီမံ အုပ်ချုပ်ရေး ကောင်စီ နှင့်စေ့စပ်ဆွေးနွေးမှုများတွင် ၎င်းတို့အနေဖြင့် ဦးဆောင်အခန်းကဏ္ဍမှပါဝင်သင့်ကြောင်း ဝန်ကြီးချုပ်ဆရီသာသာဗီဆင်ကပြောကြားခဲ့သည်။

မြန်မာနိုင်ငံ၌ဖြစ်ပွားနေလျက်ရှိသည့် လက်နက်ကိုင်ပဋိပက္ခများကြောင့် နေရပ်ကို စွန့်ခွာတိမ်းရှောင်သူများ များပြားလာခြင်း နှင့်တရားမဝင်မူးယစ်မှောင်ခိုတင်သွင်းမှုများ မြင့်တက်လာနေခြင်းကြောင့် နယ်စပ်ဒေသကိုကာကွယ်ရန်လိုအပ်လာကြောင်းကိုလည်း ထိုင်းဝန်ကြီးချုပ်က ပြောကြားခဲ့သည်။

ဆက်လက်၍ဝန်ကြီးချုပ်က “အာဆီယံဘုံသဘောတူညီချက်ငါးရပ်အားလိုက်နာဆောင်ရွက်သွားမည်ဖြစ်သကဲ့သို့ ၎င်းတို့သည် အာဆီယံအဖွဲ့ဝင်နိုင်ငံများအနက်မြန်မာနိုင်ငံနှင့်အနီးစပ်ဆုံးရှိနေသည့်နိုင်ငံဖြစ်ရာ ထိုင်းနိုင်ငံဘက်မှ မြန်မာ့နိုင်ငံရေးအငြင်းပွားမှုများကို စေ့စပ်ဆွေးနွေးရာ၌ပါဝင်ရန် သင့်တော်မည်ဟုယုံကြည်ကြောင်း” ပြောသည်။

အကယ်၍ အာဆီယံအဖွဲ့ဝင်နိုင်ငံများကပါ လက်ခံသဘောတူညီပါက ထိုင်းနိုင်ငံသည် မြန်မာအစိုးရနှင့် စေ့စပ်ဆွေးနွေးရာတွင် ဦးဆောင်အခန်းကဏ္ဍမှပါဝင်သင့်သည်ဟုထင်‌ကြောင်းလည်းပြောကြားခဲ့သည်။

ထို့ပြင် ထိုင်း – မြန်မာ နယ်စပ်ဒေသအားဖြတ်သန်းပြီး ထိုင်းနိုင်ငံဘက်သို့ မူးယစ်ဆေးဝါးများ မှောင်ခိုတင်သွင်းနေခြင်းကိစ္စများနှင့်ပတ်သက်၍လည်း စိုးရိမ်နေရကြောင်း ထိုင်းဝန်ကြီးချုပ်ကထပ်မံပြောဆိုခဲ့သည်။

ထိုင်းဝန်ကြီးချုပ် ဆာရီသာသာဗီဆင်က ” မြန်မာနိုင်ငံရဲ့ပြည်တွင်းရေးပြဿနာတွေကြောင့် နေရာ အတော်များများဟာစစ်တလင်း​တွေဖြစ်လာနေပါတယ်။ဒါ့အပြင် မြန်မာနိုင်ငံ နဲ့ ထိုင်းနယ်စပ်ကြားမှာရှိတဲ့ မူးယစ်ရောင်းဝယ်တဲ့လမ်းကြောင်းကို ပိတ်သွားဖို့လည်း နယ်စပ်ဒေသကို ပိုမိုကောင်းမွန်စွာလုပ်ဆောင်ဖို့လိုအပ်ပါတယ်”ဟုပြောကြားခဲ့သည်။

တိုက်ပွဲများ ပိုမိုပြင်းထန်လာပါက နယ်စပ်ရှိဒုက္ခသည်များအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများပေးနိုင်ရန် ထိုင်းနိုင်ငံခြားရေး ဝန်ကြီးဌာနအနေဖြင့် မြန်မာအာဏာပိုင်များနှင့်ပါ လက်တွဲဆောင်ရွက်နေကြောင်းလည်း ၎င်းကပြောကြားခဲ့သည်။

မြန်မာနိုင်ငံ၌အဏာအငြင်းပွားမှုဖြစ်ပွားခဲ့ပြီးနောက်ပိုင်းကတည်းက ထိုင်းနိုင်ငံဘက်ခြမ်းသို့ နေရပ်စွန့်ခွာတိမ်းရှောင်ခဲ့သော မြန်မာနိုင်ငံသား ၄၅,၀၀၀ ကျော်ရှိနေပြီး ထိုင်းနိုင်ငံမြောက်ပိုင်းနယ်စပ်ဒေသများကိုပါ ဖိအားများဖြစ်လာစေခဲ့ကြောင်းလည်းသိရသည်။

Source : နစ်ကေးအေးရှား


LEAVE A REPLY

Please enter your comment!
Please enter your name here