မြောက်ကိုရီးယားအနေဖြင့် အလုံးစုံ ပျက်သုန်းခြင်းနဲ့ ကြုံရလိမ့်မည်ဟု တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးသတိ​ပေး

0
218

မြောက်ကိုရီးယားနိုင်ငံအနေနဲ့ မဆင်မခြင်လုပ်ရပ်မျိုးတွေလုပ်လာခဲ့ပါက မိမိတို့ရဲ့ လက်တုန့်ပြန်မှုမှာ အလုံးစုံ ပျက်သုန်းခြင်းနဲ့ ကြုံရလိမ့်မယ်လို့ တောင်ကိုရီးယားကာကွယ်ရေးဝန်ကြီးက ဒီဇင်ဘာ ၁၃ ရက်မှာ ခြိမ်းခြောက်ပြောဆိုခဲ့ပါတယ်။

၂၀၁၈ ခုနှစ်က အိမ်နီးချင်းနှစ်နိုင်ငံအကြား တင်းမာမှုတွေ ဖြေလျှော့ဖို့ ရည်ရွယ်တဲ့ စစ်ရေးဆိုင်ရာ သဘောတူညီချက်အပေါ် လိုက်နာတော့မှာ မဟုတ်ဘူးလို့ ပြီးခဲ့တဲ့လမှာ မြောက်ကိုရီးယားက ထုတ်ဖော်ပြောဆိုခဲ့အပြီး တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးရဲ့ ပြင်းထန်တဲ့ သတိပေးချက် ထွက်လာတာဖြစ်ပါတယ်။

မြောက်ကိုရီးယားက သူလျှိုဂြိုဟ်တုတစ်လုံး လွှတ်တင်လိုက်အပြီး နှစ်နိုင်ငံအကြား စစ်ရေးသဘောတူညီချက် တစ်စိတ်တစ်ပိုင်းကို ရပ်ဆိုင်းရလိမ့်မယ်လို့ တောင်ဘက်က ပြောဆိုပြီးနောက် ယင်းသဘောတူညီချက်အလုံးစုံကို ရပ်ဆိုင်းမယ်လို့ ပြုံယမ်းက တုန့်ပြန်ခဲ့တာဖြစ်ပါတယ်။

“မြောက်ကိုရီးယားအနေနဲ့ ငြိမ်းချမ်းရေးနဲ့ ပျက်သုန်းခြင်း ရွေးစရာ နှစ်လမ်းပဲ ရှိပါတယ်” လို့ ဝန်ကြီး ရှင်းဝမ်ဆစ်ခ်က ပြောဆိုကြောင်း ကာကွယ်ရေးဝန်ကြီးဋ္ဌာနက ထုတ်ပြန်ခဲ့ပါတယ်။

“မြောက်ကိုရီးယားက ငြိမ်းချမ်းရေး ထိခိုက်စေမယ့် အဆင်ခြင်မဲ့ လုပ်ရပ်တွေလုပ်လာမယ်ဆိုရင် အလုံးစုံ ပျက်သုန်းခြင်းကသာ သူတို့ကို စောင့်ကြိုနေမှာပါ” လို့ သူက ဆိုခဲ့ပါတယ်။

တောင်ကိုရီးယား ဒုံးကျည်တပ်ဖွဲ့ဋ္ဌာနချုပ်သို့ ရှင်း သွားရောက်ခဲ့အပြီး သီတင်းတစ်ပတ်မပြည့်ခင်မှာ ပြုလုပ်တဲ့ စစ်ဘက် ထိပ်တန်းဗိုလ်ချုပ်တွေရဲ့ အစည်းအဝေးတစ်ခုမှာ သူက ယင်းသို့ ထည့်သွင်း ပြောဆိုသွားတာဖြစ်ပါတယ်။

စစ်ပွဲတစ်ခု ဖြစ်လာပါက ရန်သူရဲ့ ဦးခေါင်းနဲ့ နှလုံးသားကို ‌ေ-သစေလောက်တဲ့တိုက်ခိုက်မှုမျိုးအထိ တာဝန်ပေးသွားရလိမ့်မယ်လို့ ဒုံးကျည်တပ်ဖွဲ့ဋ္ဌာနချုပ်မှာ ရှင်းက ပြောဆိုခဲ့ပါသေးတယ်။

ဒုံးကျည်နဲ့ နျူကလီးယားလက်နက်တွေ တိုးတက်အောင်လုပ်ဆောင်ခြင်းဟာ အမေရိကန်ပြည်ထောင်စုနဲ့ ၎င်း မဟာမိတ်တွေရဲ့ လှုပ်ရှားမှုတွေကို တန်ပြန်ဖို့အတွက် လိုအပ်တဲ့ အချုပ်အခြာပိုင် အခွင့်အရေးဖြစ်တယ်လို့ မြောက်ကိုရီးယားကလည်းကာကွယ်ပြောဆိုထားခဲ့ပါတယ်။

Ref: CNA


LEAVE A REPLY

Please enter your comment!
Please enter your name here