ယခုနှစ် ချန်ပီယံလိဂ်တွင် အင်္ဂလန် အသင်း (၂) သင်းသာ အုပ်စုအဆင့်အောင်မြင်

0
211

ချန်ပီယံလိဂ် အုပ်စုပွဲစဥ်များ ပြီးဆုံးသွားချိန်တွင် အင်္ဂလန်အသင်း (၂) သင်းသာ အုပ်စုအဆင့်အောင်မြင်ခဲ့ကြောင်း သိရသည်။

ယခုနှစ် ချန်ပီယံလိဂ်တွင် မန်ချက်စတာယူနိုက်တက်၊ မန်စီးတီး၊ အာဆင်နယ်နှင့် နယူးကာဆယ်တို့ ဝင်ရောက်ယှဥ်ပြိုင်ခွင့်ရခဲ့သော်လည်း မန်စီးတီးနှင့် အာဆင်နယ်တို့သာ (၁၆) သင်းအဆင့်သို့ တက်ရောက်နိုင်ခဲ့ခြင်းဖြစ်သည်။

၂၀၂၃ -၂၄ ဘောလုံးရာသီ ချန်ပီယံလိဂ် (၁၆) သင်းအဆင့်သို့ တက်ရောက်နိုင်ခဲ့သည့် အသင်းများမှာ စပိန်အသင်းများဖြစ်သည့် အက်သလက်တီကို၊ ဘာစီလိုနာ၊ ရီးရဲလ်မက်ဒရ စ်၊ ရီးရဲလ်ဆိုဆီဒက်၊ အီတလီ အသင်းများဖြစ်သည့် အင်တာမီလန်၊ လာဇီယို၊ နာပိုလီ၊ ဂျာမန်အသင်းများဖြစ်သည့် ဘိုင်ယန်မြူးနစ်၊ ဒေါ့မွန်၊ လိုက်ဇစ်၊ ပေါ်တူဂီအသင်း ပေါတို၊ ပြင်သစ်အသင်း PSG၊ နယ်သာလန်ကလပ် PSV နှင့် ဒိန်းမတ်ကလပ် ကိုပင်ဟေဂင်တို့ဖြစ်ကြောင်း သိရသည်။

နာမည်ကြီးအသင်းများဖြစ်သည့် မန်ယူနိုက်တက်၊ အေစီမီလန်၊ ဆီဗီလာနှင့် နယူးကာဆယ်တို့မှာ အုပ်စုအဆင့်ဖြင့်သာ ကျေနပ်လိုက်ရသည်။

ချန်ပီယံလိဂ် (၁၆) သင်းအဆင့်အတွက် ရှုံးထွက်ပွဲစဥ်အတွက် မဲခွဲများကို ဒီဇင်ဘာ (၁၈)ရက်တွင် ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။

Photo – UCL


LEAVE A REPLY

Please enter your comment!
Please enter your name here