ရန်ကုန်မြို့ ကားဝယ်ရောင်း ဈေးကွက်အတွင်း ကားဈေးနှုန်းမှာ အကျဈေးဖြင့် တည်ငြိမ်နေပြီး ရောင်းသူသာရှိကာ အဝယ်နည်းပါး

0
270

ရန်ကုန်မြို့ ကားဝယ်ရောင်းဈေးကွက်အတွင်း၌ ကားဈေးနှုန်းမှာ အကျဈေးဖြင့် တည်ငြိမ်နေပြီး ရောင်းသူသာရှိကာ ဝယ်သူနည်းပါးနေကြောင်း ရန်ကုန်မြို့ ကားဝယ်ရောင်း လုပ်ကိုင်သူများထံမှ စုံစမ်း သိရသည်။

ယခင်က တစ်လလျှင် ကား ၄/၅ စီးခန့် အရောင်းဝယ်ဖြစ်နေရာမှ လက်ရှိတွင် တစ်လ (၁) စီးခန့်ပင် အရောင်းဝယ်မရှိဘဲ ဝယ်ရောင်း လုပ်ကိုင်သူများအနေဖြင့်လည်း ဒေါ်လာဘက်သို့ ဦးတည်သွားကြောင်း ဝယ်ရောင်းလုပ်ကိုင်သူတို့က ဆိုသည်။

“အရောင်းက ရှိတယ်။ အဝယ်မရှိဘူး။ ကားက သူ့ဈေးတန်းနဲ့ သူသွားနေတယ်။ ဟော့ဟော့ရမ်းရမ်း မရှိဘူး။ ဝယ်တဲ့သူက ပိုက်ဆံ သိပ်မသုံးကြတော့ဘူး။ ဒေါ်လာဘက်ကို လိုက်နေတယ်။ အရင်က သိန်းတစ်ထောင်၊ နှစ်ထောင်လောက်ကိုင်ပြီး လိုက်ဝယ်တာရှိတယ်။ ဈေးကွက်က အေးနေတယ်။ ပိုက်ဆံမထည့် ကြတော့ဘူး။ ဒေါ်လာဘက်လိုက်နေကြတယ်”ဟု ရန်ကုန်မြို့တွင် နှစ်ရှည် ကားဝယ်ရောင်း လုပ်ကိုင်သူ တစ်ဦးက ပြောသည်။

လက်ရှိ ရန်ကုန်မြို့ ကားဝယ်ရောင်း ဈေးကွက်အတွင်း ကားဈေးနှုန်းမှာ အကျဈေးဖြင့် တည်ငြိမ်နေပြီး လက်ရှိအချိန်မှာ အဝယ်သမားများအတွက် သင့်တင့်သည့် ဈေးနှုန်းဖြင့် ဝယ်ယူရန် အချိန်ကောင်းဖြစ်ကြောင်း ရန်ကုန်ကားဝယ်ရောင်း လုပ်ကိုင်သူတို့က ဆိုသည်။

ရန်ကုန်မြို့ ကားအရောင်းအဝယ်ဈေးကွက်တွင် ကားဈေးနှုန်းများ အကျဘက် ဦးတည်နေပြီး အရောင်းအဝယ် မဖြစ်သလောက် အေးနေကြောင်း ကားဝယ်ရောင်းလုပ်ကိုင်သူများထံမှ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here