ရန်ကုန်ရွှေအသင်း၏ ရွှေရည်ညွှန်ဈေး (၃၇) သိန်းအထိစံချိန်တင်မြင့်တက်လာ

0
278

ယနေ့ရန်ကုန်ရွှေလုပ်ငန်းရှင်များအသင်းမှ သတ်မှတ်ထုတ်ပြန်ထားသည့် ရည်ညွှန်း ရွှေဈေးမှာ (၃၇) သိန်းထိစံချိန်တင်မြင့်တက်လာကြောင်း အဆိုပါအသင်းမှထုတ်ပြန်ထားသည့်ဈေးနှုန်းအရ သိရသည်။

ယနေ့ ဒီဇင်ဘာ ၁၄ ရက်နေ့ YGEA ၏ ဈေးကွက်အဖွင့်ဈေးသည် အကယ်ဒမီ မီးလင်းရွှေတစ်ကျပ်သားလျှင် ၃,၆၉၉,၁၀၀ ကျပ် ဖြစ်ပြီး ကမ္ဘာ့ရွှေဈေး တစ်အောင်စကို ၂၀၃၄ ဒေါ်လာဖြစ်သော်လည်း နေ့လယ်ပိုင်းတွင် ရွှေတစ်ကျပ်သားလျင် ၃,၇၀၀,၉၀၀ ကျပ်သို့ ဈေးမြင့်တက်လာသည်ကို တွေ့ရသည်။

ယမန်နေ့တွင် ကမ္ဘာ့ရွှေဈေးသည် တစ်အောင်စလျှင် ၁၉၇၉ ဒေါ်လာဖြစ်ပြီး ယနေ့ နေ့လယ်ပိုင်းတွင် ၅၀ ဒေါ်လာမြင့်တက်ခဲ့ပြီး YGEA သတ်မှတ်တဲ့ရွှေဈေးကလည်း တစ်ရက်အတွင်း ရွှေတစ်ကျပ်သား ကျပ် ၁၆၅,၁၀၀ မြင့်တက်လာခဲ့ခြင်းဖြစ်သည်။

ရန်ကုန်ရွှေအသင်းအနေဖြင့် ‌နိုင်ငံခြားငွေဈေးကွက်အတွင်းရှိ ဈေးကွက်ပေါက်ဈေးနှင့် သတ်မှတ် တွက်ချက်မှု ပြုလုပ်လျက်ရှိရာ အသင်းရည်ညွှန်းဈေးမှာလည်း မြင့်တက်လာနေခြင်း ဖြစ်သည်။

လက်ရှိတွင် ပြင်ပဈေးကွက်အတွင်း၌လည်း ရွေဈေးနှုန်း ၃၇ သိန်းကျပ် ပတ်ချာလည်တွင်ရှိနေပြီး နိုင်ငံခြားငွေလဲနှုန်းသည်မှာ တစ်ဒေါ်လာ ၃၅၀၀ ကျပ် ပတ်ချာလည်တွင် ရှိနေကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here