AFC Futsal Asian Cup 2024 တွင် မြန်မာ့လက်ရွေးစင်ဖူဆယ်အသင်း ထိုင်း၊ ဗီယက်နမ်၊ တရုတ်တို့နှင့်တွေ့ဆုံနေ

0
210

မြန်မာ့လက်ရွေးစင်ဖူဆယ်အသင်းသည် AFC Futsal Asian Cup 2024 တွင် အုပ်စုတွင်းပြိုင်ဘက်များအဖြစ် ထိုင်း၊ ဗီယက်နမ်၊ တရုတ်တို့နှင့် တွေ့ဆုံရမည်ဖြစ်ကြောင်း သိရသည်။

AFC Futsal Asian Cup 2024 အုပ်စု မဲခွဲပွဲ အခမ်းအနားကို ယနေ့ ဒီဇင်ဘာ (၁၄) ရက် နေ့လယ်ပိုင်းက မလေးရှားနိုင်ငံ အာရှဘောလုံးအဖွဲ့ချုပ်ရုံးတွင်ကျင်းပခဲ့ရာ မြန်မာ့လက်ရွေးစင် ဖူဆယ်အသင်းသည် အိမ်ရှင် ထိုင်းအသင်း၊ ဗီယက်နမ်အသင်း ၊ တရုတ်အသင်းများနှင့် အတူ အုပ်စု (က)၌ ယှဉ်ပြိုင်ရမည်ဖြစ်သည့်အတွက် အုပ်စုကြပ်ထဲကျရောက်နေသည်ဟု သုံးသပ်ရမည်ဖြစ်သည်။

AFC Futsal Asian Cup 2024 ပြိုင်ပွဲကို ထိုင်းနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည် ဖြစ်ပြီး အုပ်စု ပွဲစဉ်များကို ၂၀၂၄ ခုနှစ် ဧပြီ (၁၇) ရက်တွင် စတင်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ပြိုင်ပွဲတွင် ဆီမီးဖိုင်နယ် ရောက်ရှိသော အသင်းလေးသင်းသည် ဥဇဘက်ကစ္စတန် နိုင်ငံတွင် ကျင်းပမည့် ဖူဆယ် ကမ္ဘာ့ဖလားပြိုင်ပွဲသို့ ဝင်ရောက်ခွင့်ရရှိမည်ဖြစ်ပြီး ဥဇဘက်ကစ္စတန် အသင်းအနေဖြင့် ဆီမီးဖိုင်နယ်သို့ တက်ရောက်နိုင်ခဲ့ပါက ကွာတားဖိုင်နယ်တွင် ရှုံးနိမ့်သော အသင်းအများအနေဖြင့် Play-Off ပွဲများ ပြန်လည်ယှဉ်ပြိုင်ရမည်ဖြစ်ကာ အဆင့် (၅) နေရာ ရရှိသော အသင်းသည် ကမ္ဘာ့ဖလား ခြေစစ်ပွဲ အောင်မြင်မည် ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here