မလေးရှားမှာ မြေရှားသတ္ထု့ တရားမဝင် တူးဖော်မှုနဲ့ မြန်မာ (၄) ဦး အပါအဝင် လူ (၃၁)ဦး ဖမ်းဆီးခံရ

0
235

မလေးရှားနိုင်ငံ အနောက်ပိုင်း ပီရက်ပြည်နယ်မှာ မြေရှားသတ္ထု့ တရားမဝင်တူးဖော်မှု သံသယနဲ့ နိုင်ငံခြားသား (၂၁) ဦး အပါအဝင် လူ (၃၁) ဦးကို အာဏာပိုင်တွေက ဖမ်းဆီးခဲ့တယ်လို့ ရဲတပ်ဖွဲ့ကို ကိုးကားပြီး နိုင်ငံပိုင် မီဒီယာက ဖော်ပြပါတယ်။
       
မလေးရှားနိုင်ငံဟာ သဘာဝအရင်းအမြစ် ဆုံးရှုံးမှုနဲ့ ကိုယ်ကျိုးရှာမှုတွေ ရှောင်ရှားနိုင်ရေးအတွက် မြေရှားသတ္ထု့ရိုင်း တင်ပို့မှုကို ပိတ်ပင်ဖို့ ချိန်ဆနေချိန်မှာ ယခုလို ဖမ်းဆီးမှုဖြစ်ခဲ့တာပါ။
        
ဒီဇင်ဘာ (၈) ရက်က စတင်ခဲ့တဲ့ စီနင်းမှု နှစ်ကြိမ်အတွင်း ဖမ်းဆီးမှုတွေလုပ်ခဲ့တာဖြစ်ပြီး တရုတ်နိုင်ငံသား (၁၆) ဦး၊ မြန်မာနိုင်ငံသား (၄) ဦးနဲ့ ဗီယက်နမ်နိုင်ငံသား အမျိုးသမီးတစ်ဦးတို့လည်း ပါဝင်ခဲ့တယ်လို့ ပီရက်ရဲချုပ် မိုယူဆရီ ဟာဆန်ကပြောဆိုကြောင်း ဘနားမားသတင်းဌာနက ဒီဇင်ဘာ (၁၃) ရက်ညပိုင်းမှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။
        
ဖမ်းဆီးထားသူအားလုံးကို ပီရက်ပြည်နယ် ကြိုးဝိုင်းသစ်တောအတွင်း ရေဒီယိုသတ္တိကြွမယ့် မြေရှား
သတ္ထု့သိုက်ကို တရားမဝင် တူးဖော်မှုနဲ့ အမှုဖွင့်စွဲဆိုထားပြီး မလေးရှားနိုင်ငံ သစ်တောဥပဒေတွေအရလည်း တရားစွဲဆိုခံရဖွယ်ရှိတယ်လို့ ဘနားမားက ဆက်လက်ဖော်ပြပါတယ်။
     
ဒါ့အပြင် ပြစ်မှုမှာပါဝင်တဲ့ နိုင်ငံခြားသားတွေဟာ ခရီးသွားလာမှုဆိုင်ရာ အထောက်အထား စာရွက်စာတမ်းတွေ မရှိတာကြောင့် လူဝင်မှု ကြီးကြပ်ရေးဆိုင်ရာ အက်ဥပဒေအရလည်း စုံစမ်းစစ်ဆေးနေတယ်လို့ ဆိုပါတယ်။

Nekki Asia


LEAVE A REPLY

Please enter your comment!
Please enter your name here