ပုံစံ ၇ အာမခံရှိပါက တစ်ဧက ကျပ် ၄ သိန်း AD ဘဏ်များမှ ထုတ်ချေးပေးရန် စီစဥ်

0
162

ဆန်စပါးစိုက်ပျိုးထုတ်လုပ်မှုဖွံ့ဖြိုးရေးအတွက် ပုံစံ (၇)အာမခံဖြင့်တစ်ဧက ကျပ် ၄ သိန်း ထုတ်ချေးပေးရန် စီစဉ်နေကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှ ထုတ်ပြန်ထားသည်

အစည်းအဝေးတွင် ဧရာဝတီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ နေပြည်တော် ကောင်စီနယ်မြေနှင့် မန္တလေးတိုင်းဒေသကြီးများရှိ နွေစပါးစိုက်ပျိုးသည့် ဧရိယာများတွင် စိုက်ပျိုးထုတ်လုပ်မှု ဖွံ့ဖြိုးရေးအတွက် (၁၀)ဧကအထက် စိုက်ပျိုးထုတ်လုပ်သည့် တောင်သူ လယ်သမားကြီးများအား ဆန်စပါးစိုက်ပျိုးထုတ်လုပ်မှုဖွံ့ဖြိုးရေးအတွက် ပုံစံ (၇)အာမခံဖြင့် လက်ရှိနွေစပါး စိုက်ပျိုးရေးရာသီတွင် စိုက်ပျိုးစရိတ်အဖြစ် ကာလတိုချေးငွေတစ်ဧကလျင် ကျပ်(၄)သိန်းနှုန်းထုတ်ချေးပေးနိုင်ရေး ဆိုင်ရာလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့တွင် Virtual Meeting ဖြင့် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါအစည်းအဝေးတွင်တောင်သူလယ်သမားကြီးများအား ပုံစံ (၇)အာမခံ ဖြင့် AD ဘဏ်များမှ တစ်ဧကလျင် ကာလတိုချေးငွေ ကျပ် (၄)သိန်းနှုန်းထုတ်ချေးပေးနိုင်ရေး၊ ဧက (၁)သိန်းအထိ Pilot Project အဖြစ် စတင်ဆောင်ရွက်နိုင်ရေးကိစ္စရပ်များကို ညှိနှိုင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။

အဆိုပါ အစည်းအဝေးသို့ မြန်မာ့စီးပွားရေးဘဏ်မှ ဦးဆောင် ညွှန်ကြားရေးမှူးနှင့်တာဝန်ရှိသူများ၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ဦးဆောင်ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် ဥက္ကဋ္ဌနှင့် ကော်မတီဝင်များ၊ KBZ Bank ၊ A Bank ၊ AYA Bank ၊ Yoma Bank ၊ UAB Bank တို့မှ တာဝန်ခံဝန်ထမ်း ကိုယ်စားလှယ်များ ပါဝင်တက်ရောက်ခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here