အမေ မေရွက်ဝါရဲ့ သီချင်းတွေပြန်ဆိုရမှာ တာဝန်ကြီးပါတယ် ဆန်းသစ်လ

0
351

san-thit-la

မိခင်ဖြစ်သူ မေရွက်ဝါရဲ့ ဂီတသက်တမ်း ၃၅ နှစ်ပြည့် အမှတ်တရဖျော်ဖြေပွဲမှာ ဆန်းသစ်လက သီချင်း ၅ ပုဒ်နဲ့ ပါဝင်ဖျော်ဖြေမှာဖြစ်ပါတယ်။ ဒီပွဲက မိခင်ရဲ့ သီချင်းတွေကို ကိုယ်တိုင်ဂုဏ်ပြုရမှာဖြစ်သလို တာဝန်လည်း ကြီးပါတယ်ဆိုတဲ့ ဆန်းသစ်လက..

” မေမေ့ရဲ့ သမီးတစ်ယောက်အနေနဲ့ ဒီသီချင်းတွေ ပြန်သီဆိုရမှာတာဝန်ကြီးပါတယ်။ ဒါပေမဲ့ ဒီသီချင်းတွေက ငယ်ငယ်ကတည်းကလည်း ကိုယ်နားယဉ်နေတဲ့ သီချင်းတွေဆိုတော့ ပြန်ဆိုရမှာ ပျော်ပါတယ်။ ခုကတည်းက ပြင်ဆင်နေပါပြီ ” လို့ ပြောပါတယ်။ မိခင်ဖြစ်သူရဲ့သီချင်းတွေ ပြန်သီဆိုတဲ့အခါ ဆန်းသစ်လက သူမရဲ့ပုံစံအတိုင်း ဖြစ်အောင်လည်း ကြိုးစားသီဆိုသွားမယ်လို့ ပြောပါတယ်။

” အမှားအယွင်းမဖြစ်အောင်လည်းအတတ်နိုင်ဆုံးကြိုးစားပါမယ်။ မေမေသည် မေမေ့ပုံစံနဲ့ ဖြစ်ခဲ့သလို ညီမအနေနဲ့လည်း ညီမ ပုံစံလေး ဖြစ်အောင် ကြိုးစားသွားပါမယ်။ မေမေ့အတိုင်း တစ်ထေရာတည်း တော့ မတူနိုင်ဘူး။ မေမေ့ကိုတော့ မမီပေမယ့် ညီမပုံစံလေးအတိုင်း ကြိုးစားပြီး ဖျော်ဖြေသွားမှာပါ” လို့ သူမက ဆက်လက်ပြောပြပါတယ်။ ဆန်းသစ်လက လတ်တလောမှာတော့ တစ်ကိုယ်တော်စီးရီး ပြင်ဆင်နေပြီဖြစ်ပြီး မိခင်ဖြစ်သူ မေရွက်ဝါရဲ့ သီချင်း ၃ ပုဒ်လောက် ပြန်ပြီးပါဝင်မယ်လို့လည်း သိရပါတယ်။ မိခင်က နာမည်ကျော် အဆိုတော်တစ်ဦးဖြစ်ခဲ့တဲ့အတွက် မိခင်ရဲ့ Image က ဆန်းသစ်လ အပေါ် လွှမ်းမိုးနေနိုင်မလားဆိုတာကို..

” ညီမအတွက်က အကောင်းရော၊ အဆိုးရော ဒွန်တွဲနေပါတယ်။ ပြီတော့ စီးရီးခွေထွက်လာလို့ ကောင်းခဲ့သည်ရှိသော် မေမေ့သမီးမို့လို့ ကောင်းတာပေါ့လို့ ပြောခံရမယ်။ မကောင်းခဲ့သည်ရှိသော် မေရွက်ဝါသမီးဖြစ်ပြီး မကောင်းဘူးဆိုတာဖြစ်မယ်။ အဲဒီအတွက် အမြတ်မရှိပါဘူး။ အနည်းဆုံးတော့ အရင်းဖြစ်နိုင်အောင် ကြိုးစားမှာပါ” လို့ ဆန်းသစ်လက ပြောပြခဲ့ပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here