တရားမဝင်စာရွက်စာတမ်းအတုများ လုပ်ကိုင်နေသည့် မြန်မာနိုင်ငံသားများအပါအဝင် နိုင်ငံခြားသား ၅ ဦးကို မလေးအာဏာပိုင်များဖမ်းဆီး

0
139

ဂျော့ဂ်ျတောင်းန်၊ဒီဇင်ဘာ ၁၃

မလေးရှားနိုင်ငံ ပီနန်လူဝင်မှုကြီးကြပ်ရေးနှင့် သက်ဆိုင်ရာတာဝန်ရှိသူများသည် ပီနန်ခရိုင်ရှိ သက်သေအထောက်အထားတုများ တရားမဝင်ပြုလုပ်ပေးသည့်နေရာတစ်ခုအား ဝင်ရောက်စီးနင်းရာ မြန်မာနိုင်ငံသားနှစ်ဦးနှင့် ပါကစ္စတန်နိုင်ငံသားသုံးဦးတို့အား ဖမ်းဆီးရမိခဲ့ကြောင်းသိရသည်။

ပီနန်ပြည်နယ် ဘရမ်ဘာရူမြို့ဒေသခံများသည် အဆိုပါ စာရွက်စာတမ်းအတုများလုပ်ပေးနေသည့်ဂိုဏ်းနှင့်ပတ်သက်ပြီးတိုင်ကြားခဲ့ရာမှ ပီနန်ပြည်နယ် လူဝင်မှုကြီးကြပ်ရေးအာဏာပိုင်များက ဘာရမ်ဘူရီမြို့ရှိ တိုက်ခန်းတစ်ခုအား စီးနင်းရှာဖွေခဲ့ရာ တရားမဝင်နိုင်ငံခြားသားများအတွက် အလုပ်သမားကတ်၊(I-Kad)၊ဆောက်လုပ်ရေးလုပ်ငန်းဘုတ်အဖွဲ့ အသိမှတ်ပြုကတ်(I-Kad), နှင့် ပါကစ္စတန်နိုင်ငံတကာကားမောင်းလိုင်စင်ကတ်များနှင့် အတူတရားခံများကိုတွေ့ရှိဖမ်းဆီးခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။

ဖမ်းဆီးခံရသူများတွင် မြန်မာနိုင်ငံသားအမျိုးသမီးတစ်ဦးနှင့် အမျိုးသားတစ်ဦးပါဝင်ခဲ့ပြီး ပါကစ္စတန်နိုင်ငံသားသုံးဦးလည်းပါဝင်ခဲ့ကြောင်း ပီနန်ပြည်နယ် လူဝင်မှုကြီးကြပ်ရေးအာဏာပိုင်များကပြောကြားခဲ့သည်။

လက်ပ်တော့များ၊ပလပ်စတစ်‌လောင်းစက်များ၊ပုံနှိပ်စက်များ၊ပလပ်စတစ်အလွတ်ကတ် ၂၄၆ ကတ်နှင့် ပါကစ္စတန်နိုင်ငံသားများ၏ နိုင်ငံကူးလက်မှတ်အတု ၃ ခုတို့ကို ရဲတပ်ဖွဲ့ကသိမ်းဆည်းရမိခဲ့သည်ဟုသိရသည်။

ပီနန်ပြည်နယ် လူဝင်မှုကြီးကြပ်ရေးဌာနညွှန်ကြားရေးမှူးမူက ယင်းနိုင်ငံခြားသား ၅ ဦးအား လူဝင်မှုကြီးကြပ်ရေးဥပဒေချိုးဖောက်မှုများဖြင့် ဖမ်းဆီးထိန်းသိမ်းထားကြောင်းနှင့်လက်ရှိတွင် ၎င်းတို့ကိုစုံစမ်းစစ်ဆေးရန်အတွက် Juru မြို့ရှိလူဝင်မှုကြီးကြပ်ရေးထိန်းသိမ်းရေးစခန်းသို့ပို့ဆောင်ခဲ့ကြောင်းဆိုခဲ့သည်။

၎င်းက “နိုင်ငံအတွင်း တရားမဝင်နိုင်ငံခြားအလုပ်သမားများဖမ်းဆီးအရေးယူမှုတွေကို အချိန်နဲ့တစ်ပြေးညီလုပ်ကိုင်နေပါတယ်။ဖမ်းဆီးခံရတဲ့ နိုင်ငံခြားသား ၅ ဦးဟာ တရားမဝင်တဲ့စာရွက်စာတမ်းအတုတွေကို လုပ်ကိုင်ပေးနေသူတွေဖြစ်တာမို့ သူတို့တွေကို လူဝင်မှုကြီးကြပ်ရေးဥပဒေချိုးဖောက်မှုများအတွက် စွဲချက်တင်သွားမှာပါ” ဟုလည်းပြောကြားခဲ့သည်။

Source : The Star


LEAVE A REPLY

Please enter your comment!
Please enter your name here