သာမညတောင်ရှိ စစ်‌ဘေးရှောင်ပြည်သူ (၅၀၀) ကျော်အတွက် စားနပ်ရိက္ခာများ ထောက်ပံ့လှူဒါန်း

0
237

ကရင်ပြည်နယ်၊ သာမညတောင်အနီးရှိ
သာမညကျေးရွာ၊ ရွှေညောင်ပင် ဘုန်းတော်ကြီးကျောင်း၌ ခိုလှုံနေသော ဒေသခံ စစ်ရှောင်ပြည်သူ(၅၀၀) ကျော်အတွက် ဒီဇင်ဘာ (၁၃) ရက်က စားနပ်ရိက္ခာနှင့် အဝတ်အထည်များ သွားရောက်ထောက်ပံ့လှူဒါန်းခဲ့ကြောင်း ဒေသ ခံလူမှုကယ်ဆယ်ရေးအဖွဲ့ထံက သိရသည်။

အဆိုပါ ဒေသခံ စစ်ပွဲရှောင်ပြည်သူများအား အသီးအနှံ၊ ဆန်၊ သောက်သုံးရေ နှင့် အဝတ်ထည်များအား အလှူရှင်များကိုယ်စား သွားရောက်လှူဒါန်းပေးခဲ့ကြောင်း သ်ိရသည်။

ယင်းသို့ လှူဒါန်းရာတွင် မြန်မာနိုင်ငံလူမှု ကယ်ဆယ်ရေးအဖွဲ့ချုပ်၏ အဖွဲ့ခွဲများဖြစ်သော နောင်လုံဖေးမတွဲကူစိတ်ထားဖြူအသင်း ၊ အာယုပါလကော့တာအသင်း၊ မေတ္တာကမ်းလက် လူမှုကူညီရေးအသင်းမင်းဇီ တို့က ပါဝင်ကူညီပေးခဲ့ကြကြောင်း သိရသည်။

ကရင်ပြည်နယ် ကော့ကရိတ်တိုက်ပွဲကြောင့် ယင်းဒေသအတွင်းရှိ ဒေသခံ
စစ်ရှောင်ပြည်သူများမှာ ကရင်ပြည်နယ်အတွင်းရှိ နီးစပ်ရာမြို့များပေါ်သို့ နေရပ်စွန့်ခွာ ရှောင်တိမ်းလာခဲ့ရသည်။

ထို့ကြောင့် ဒေသအတွင်း ထောက်ပံ့ကူညီမှုများ ပြုလုပ်နေရပြီး၊ ကော့ကရိတ်မြို့နယ် အင်းကြီးတောရ ဘုန်းတော်ကြီးကျောင်းတွင် စစ်ရှောင်ပြည်သူ (၁,၀၀၀) ခန့်၊ ထီးဖိုးစံကျေးရွာ နှင့် သာမညတောင်ခြေရှိ စစ်ရှောင်စခန်းတွင် (၃,၀၀၀)ကျော်
တို့ အသီးသီး ခိုလှုံနေကြရသည်။

ယင်း ဒေသခံစစ်ဘေးရှောင် ပြည်သူထံသို့ ဒေသတွင်း လူမှုကူညီရေးအဖွဲ့များ စားနပ်ရိက္ခာ၊ အဝတ်အထည်နှင့် သောက်သုံးရေတို့ကို အလှူရှင်များနှင့်ပူပေါင်း၍ ကိုယ်ထူကိုယ်ထ ထောက်ပံ့ကူညီနေကြခြင်းဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here