2023 ခုနှစ်အတွက် The Best FIFA Football Awards ဆု စကာတင်စာရင်းထုတ်ပြန်

0
236

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် FIFA သည် 2023 ခုနှစ်အတွက် The Best FIFA Football Awards ဆုများအတွက် စကာတင်စာရင်းကို ဒီဇင်ဘာ ၁၄ ရက် က ထုတ်ပြန်လိုက်ကြောင်း သိရသည်။

တစ်နှစ်တာအကောင်းဆုံး အမျိုးသမီးဂိုးသမားဆုအတွက် ဝက်ဟမ်းမှ Mackenzie Arnold၊ ဘာစီလိုနာမှ Catalina Coll နှင့် မန်ယူနိုက်တက်မှ Mary Earps ၊ တစ်နှစ်တာအကောင်းဆုံး အမျိုးသားဂိုးသမားဆုအတွက် ဆီဗီလာမှ assine Bounou ၊ ရီးရဲလ်မက်ဒရစ်မှ Courtoid ၊ မန်စီးတီးမှ Ederson တို့ကရွေးချယ်ခံထားရသည်။

တစ်နှစ်တာအကောင်းဆုံး အမျိုးသမီးနည်းပြဆုအတွက် ဘာစီလိုနာမှ Jonatan Giráldez ၊ ချဲလ်ဆီးမှ Emma Hayes ၊ အင်္ဂလန်နည်းပြ Sarina Wiegman ၊ တစ်နှစ်တာအကောင်းဆုံး အမျိုးသားနည်းပြဆု အတွက် မန်စီးတီးမှ Pep Guardiola ၊အင်တာမီလန်မှ Simone Inzaghi ၊ နာပိုလီမှ Luciano Spalletti တို့ ရွေးချယ်ခံထားရသည်။

တစ်နှစ်တာအကောင်းဆုံး အမျိုးသမီးကစားသမားဆုအတွက် ဘာစီလိုနာမှ Aitana Bonmatí ၊ ရီးရဲလ်မက်ဒရစ်မှ Linda Caicedo ၊ CF Pachuca Femenil မှ Jennifer Hermoso ၊ တစ်နှစ်တာအကောင်းဆုံး အမျိုးသား ကစားသမားဆုအတွက် အင်တာမိုင်ယာမီမှ မက်ဆီ၊ မန်စီးတီးမှ ဟာလန်း၊ PSG မှ အမ်ဘာပေတို့ ရွေးချယ်ခံထားရသည်။

ကမ္ဘာ့ဘောလုံးအဖွဲချုပ် (FIFA) က ပေးအပ်ချီးမြှင့်မည့် ၂၀၂၃ ခုနှစ်အတွက် The Best FIFA Football Awards အကောင်းဆုံး ဆုပေးအပ်ပွဲအခမ်းအနားကို အင်္ဂလန်နိုင်ငံ လန်ဒန်မြို့၌ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

Photo – FIFA


LEAVE A REPLY

Please enter your comment!
Please enter your name here