ဂျပန်မှ မြန်မာလုပ်သား ၉၀၀ ကျော်ထပ်မံခေါ်ယူ

0
139

ဂျပန်နိုင်ငံရှိ ကုမ္ပဏီများတွင် အလုပ်လုပ်ကိုင်ရန် မြန်မာလုပ်သား (၉၀၀) ကျော်ကို ထပ်မံခေါ်ယူထားကြောင်း တိုကျိုမြို့ရှိ ဂျပန်နိုင်ငံဆိုင်ရာ မြန်မာသံရုံးက ဒီဇင်ဘာ (၁၅) ရက်တွင် အသိပေးထုတ်ပြန်ထားသည်။

ယခု အလုပ်သမား ခေါ်ယူမှုသည့် ဂျပန်နိုင်ငံဆိုင်ရာ မြန်မာသံရုံးသို့ ကမ်းလှမ်းလာသည့် မြန်မာလုပ်သား (၉၅၈) ဦး အတွက် အလုပ်ခေါ်စာတွေကို ဒီဇင်ဘာ (၁) ရက်မှ (၁၅) ရက်အတွင်း စိစစ်ထားသည့် အလုပ်ကမ်းလှမ်းစာ (၃၃၅) ခု အတွက်ဖြစ်ကြောင်း သိရသည်။

အလုပ်ကမ်းလှမ်းထားသည့် စက်ရုံ၊ ကုမ္ပဏီများသည် ဂျပန်နိုင်ငံတွင် တရားဝင် တည်ထောင်ထားခြင်း ရှိ/မရှိနှင့် စာရွက်စာတမ်း အထောက်အထားများကို စိစစ်ပြီး တွေ့ရှိချက် သဘောထား မှတ်ချက်များကို နိုင်ငံခြားရေးဝန်ကြီးဌာနမှတဆင့် အလုပ်သမားဝန်ကြီးဌာနသို့ ပြန်လည်ပေးပို့ထားခြင်းဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် နိုဝင်ဘာလကလည်း ဂျပန်နိုင်ငံရှိ စက်ရုံ၊အလုပ်ရုံများတွင် လုပ်ကိုင်ရန်အတွက် မြန်မာလုပ်သား (၁၀၀၀) ကျော်ခေါ်ယူထားကြောင်း ဂျပန်နိုင်ငံ၊ တိုကျိုမြို့ရှိ မြန်မာသံရုံးက ထုတ်ပြန်ထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here