FIFA-MFF U-17 League 2023 ပြိုင်ပွဲ ဒီဇင်ဘာ (၂၉) ရက်တွင် စတင်မည်

0
294

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်နှင့် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်တို့ ပူးပေါင်းကျင်းပသည့် FIFA-MFF U-17 League 2023 ပြိုင်ပွဲကို ယခုလ ဒီဇင်ဘာ (၂၉) ရက်မှ ၂၀၂၄ ခုနှစ် ဇွန် (၃၀) ရက်အထိ ကျင်းပပြုလုပ်သွားမည်ဟု မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်က ယနေ့တွင် အသိပေးကြေညာထားသည်။

FIFA-MFF U-17 League 2023 လိဂ်ပြိုင်ပွဲအား အသင်း(၁၁)သင်းဖြင့် ကျင်းပသွားမည်ဖြစ်ပြီး ပြိုင်ပွဲဝင် အသင်းအရေ အတွက် (၁၅) သင်းအထိ ရှိကြောင်း အသိပေးချက်တွင် ဖော်ပြထားသည်။

ထို့အပြင် U -15 ပြိုင်ပွဲဝင် အသင်း ငါးသင်းဖြစ်သည့် Rakhine United FC ၊ Shwepyithar FC ၊ Royal Yangon FC ၊ Pharsimyay FC၊ Artharwady FC အသင်းများကို တိုက်ရိုက် ဝင်ခွင့်ပေးခဲ့ပြီး ကျန်အသင်းများအား ခြေစစ်ပွဲမှ တစ်ဆင့် ဝင်ရောက် ယှဥ်ပြိုင်စေမည် ဖြစ်ကြောင်း သိရသည်။

ခြေစစ်ပွဲပြုလုပ်ရာ၌ အသင်းပေါင်း (၁၀) သင်းကို ငါးသင်းပါ (၂) အုပ်စုခွဲ၍ အုပ်စုပတ်လည်စနစ်ဖြင့် ယှဥ်ပြိုင်သွားမည်ဖြစ်ရာ အုပ်စုတစ်ခုစီမှ ပထမ၊ ဒုတိယ၊ တတိယရ အသင်းသုံးသင်း စုစုပေါင်း အသင်း( ၆) သင်းသည် FIFA – MFF U17 League 2023 ပြိုင်ပွဲ ဝင်ရောက်ခွင့်ရမည် ဖြစ်သည်ဟု အသိပေးထားသည်။

အုပ်စုခွဲခြားထားမှုအရ အုပ်စု (က)တွင် Sporting Hantha FC၊ Burmese Youth FC၊ Dagon Generation FC၊ Shwe Pyi Thar City FC၊ Maubin FC၊ အုပ်စု(ခ) တွင် Insein City FC ၊ Naypyitaw United ၊ Mingalardon FC ၊ Su Latt Myat Mon FC၊ 22 Star FC တို့ ပါဝင်မည်ဖြစ်သည်။

ခြေစစ်ပွဲစဥ်များကို ဒီဇင်ဘာ (၂၀)ရက်မှ (၂၄)ရက်အထိ ရန်ကုန် အမျိုးသား ဘောလုံးအကယ်ဒမီ မြက်ခင်းတုကွင်း -(၁ )နှင့် ကွင်း (၂ )တို့တွင် နံနက် (၂) ပွဲ၊ ညနေ (၂ )ပွဲ ယှဥ်ပြိုင်ကစားရမည်ဖြစ်သည်။

ကစားသမားများအနေဖြင့် ၂၀၀၇ ခုနှစ် ဇန်နဝါရီလ (၁)မှ ၂၀၀၉ ခုနှစ် ဒီဇင်ဘာ(၃၁) အတွင်း မွေးဖွားသူများကိုသာ ပါဝင်ခွင့်ပြုမည် ဖြစ်သည်။

အသင်းတစ်သင်းတွင် အုပ်ချုပ်မှုအဖွဲ့ဝင် အနည်းဆုံး(၆)ဦး မှ အများဆုံး (၁၅)ဦး၊ ကစားသမား အနည်းဆုံး (၂၃)ဦးမှ အများဆုံး (၃၀)ဦး မှတ်ပုံတင်ခွင့်ပြုမည် ဖြစ်ပြီး ပထမ အကျော့၊ ဒုတိယ အကျော့ ပွဲစဉ်များအား ပြိုင်ပွဲ ကျင်းပရေး စည်းမျဉ်းစည်းကမ်းများအတိုင်း ယှဉ်ပြိုင်ရမည် ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here