အစိုးရ – ပုဂ္ဂလိက မိတ်ဖက်ဆက်ဆံရေးကို အားပေးသည့်အနေဖြင့် အမေရိကန် – အာဆီယံ စင်တာ တည်ထောင်

0
179

အစိုးရ – ပုဂ္ဂလိက မိတ်ဖက်ဆက်ဆံရေးကို အားပေးသည့်အနေဖြင့် အမေရိကန်-အာဆီယံ စင်တာတစ်ခုကို အမေရိကန်နိုင်ငံ၊ ဝါရှင်တန်ဒီစီမြို့၌ တည်ထောင်ခဲ့ကြောင်း သိရသည်။

အဆိုပါ အမေရိကန် – အာဆီယံစင်တာ (U.S.-ASEAN Center In Washington DC) တရားဝင် ဖွင့်လှစ်သည့် အခမ်းအနားကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနမှ အရီဇိုနားတက္ကသိုလ်နှင့် တွဲဖက်၍ ဒီဇင်ဘာ (၁၄)ရက်က အရီဇိုနားတက္ကသိုလ်၊ ဝါရှင်တန်ဒီစီ ကျောင်းခွဲ၌ ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားသို့ မြန်မာသံရုံး၊ ဝါရှင်တန်မြို့မှ သံရုံးယာယီတာဝန်ခံ/သံအမတ် ဦးသက်ဝင်းနှင့် သံရုံးမှ တာဝန်ရှိသူများသည် အခြား အာဆီယံသံရုံးများမှ သံအမတ်ကြီးများ၊ သံရုံးယာယီတာဝန်ခံများနှင့်အတူ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

အဆိုပါ အခမ်းအနားတွင် အစီအစဉ်အရ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန၊ အရှေ့အာရှနှင့် ပစိဖိတ်ဌာန၊ နိုင်ငံစုံရေးရာရုံး (Office of Multilateral Affairs)မှ ညွှန်ကြားရေးမှူး Ms. Holly Lindquist Thomas က အဖွင့်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။

အမေရိကန်-အာဆီယံ ဆွေးနွေးဖက်ဆက်ဆံရေး (Country Coordinator) တာဝန်ယူသည့် အင်ဒိုနီးရှားနိုင်ငံ၏ သံရုံး ယာယီတာဝန်ခံ Mr. Ida Bagus Made Bimantara ၊ အရီဇိုနားတက္ကသိုလ်မှ ဒုတိယဥက္ကဋ္ဌ Dr. Christopher B. Howard ၊ အထက်လွှတ်တော် နိုင်ငံခြားဆက်ဆံရေး ကော်မတီဝင် Ms. Tammy Duckworth ၊ တက္ကဆက်ပြည်နယ် အောက်လွှ တ်တော်အမတ် Mr. Joaquin Castro ၊ အမေရိကန်နိုင် ငံခြားရေး ဝန်ကြီးဌာနမှ လက်ထောက်ဒုတိယဝန်ကြီး Ms. Elizabeth M. Allen တို့က အမှာစကားများ အသီးသီးပြောကြားခဲ့ကြောင်း သိရသည်။

ယခု အမေရိကန်-အာဆီယံ စင်တာတည်ထောင်မှုသည် ၂၀ ၂၃ ခုနှစ်၊ အာဆီယံ – အမေရိကန် ထိပ်သီးအစည်းအဝေး၌ အမေရိကန်ဒုတိယ သမ္မတ Mrs. Kamala Harris ၏ အစိုး ရ-ပုဂ္ဂလိက မိတ်ဖက်ဆက်ဆံရေးကို အားပေးသည့် အနေဖြင့် ဝါရှင်တန်ဒီစီ၌ အမေရိကန်-အာဆီယံ စင်တာတစ်ခု တည်ထောင်သွားမည်ဟု ပြောကြားခဲ့မှုအပေါ် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ စင်တာတွင် အစိုးရ-ပုဂ္ဂလိက ပူးပေါင်း ဆောင်ရွက်မှုအဖြစ် အရှေ့တောင်အာရှနိုင်ငံများနှင့် အမေရိကန် နိုင်ငံတို့အကြား ထိတွေ့ဆက်ဆံမှုတွင် အချက်အချာကျသည့်ကဏ္ဍမှ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ထို့အပြင် အရှေ့တောင်အာရှနှင့် အမေရိကန်အကြား၏ စီးပွားရေးနှင့် ယဉ်ကျေးမှုဆိုင်ရာ ထိတွေ့ဆက်ဆံမှုကို ပိုမိုတိုးမြှင့်စေရန်၊ အဓိကပုဂ္ဂလိကကဏ္ဍ အဖွဲ့အစည်းများအကြား ချိတ်ဆက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ယခု ပူးတွဲဆောင်ရွက်သည့် အရီဇိုနားတက္ကသိုလ်သည် အာဆီယံ ဒေသတွင်း နိုင်ငံအချို့နှင့် အစောပိုင်းကာလ ကတည်းက အစိုးရ-ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှုပုံစံ စီမံကိန်းများ (Public-private partnership projects) ကို အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန၊ အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး အမေရိကန် အေဂျင်စီ (United States Agency for International Development, USAID) နှင့် အမေရိကန် စက်မှုလုပ်ငန်းများနှင့် မိတ်ဖက်ပြု ချိတ်ဆက်ဆောင် ရွက်လျက်ရှိသည့် တက္ကသိုလ်ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here