စမ်းချောင်း မိုးမခလမ်းတွင် အသက် (၂၀) အရွယ် လူငယ် (၂) ဦး ခိုက်ရန်ဖြစ်ပွားရာမှ ကတ်ကြေးဖြင့် ထို-းမှုဖြစ်ပွား

0
186

ရန်ကုန်တိုင်း ဒေသကြီး၊ စမ်းချောင်းမြို့နယ်၊ မိုးမခလမ်းတွင် အသက် (၂၀) အရွယ် လူငယ် အမျိုးသား (၂) ဦး ခိုက်ရန်ဖြစ်ပွားရာမှ ကတ်ကြေးဖြင့် ထို-းခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ကတ်ကြေးဖြင့် အထိုးခံသည့် လူငယ်တွင် ဒဏ်ရာများရရှိခဲ့သဖြင့် ရန်ကုန်ပြည်သူ့ ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ရပြီး ကတ်ကြေးဖြင့် ထို-းခဲ့သည့် လူငယ်ကိုလည်း ဖမ်းမိခဲ့ကြောင်း စမ်းချောင်းမြို့နယ် အရန်မီးသတ်တပ်ဖွဲ့မှ သိရသည်။

စမ်းချောင်းမြို့နယ် မိုးမခလမ်းတွင် ဒီဇင်ဘာ (၁၄) ရက် နေ့လည်ပိုင်း အချိန်က ခိုက်ရန်ဖြစ်ပွားရာမှ ကတ်ကြေးဖြင့် ထိုးခံရလူနာရှိကြောင်း ပြည်သူများမှ အကူအညီတောင်းခံမူအရ စမ်းချောင်းအရန်မီးသတ်မှ လူနာတင်ယာဉ်ဖြင့် သွားရောက် ကူညီခဲ့ကြောင်း သိရသည်။

“နေ့ခင်းပိုင်းလောက်ဖြစ်လိမ့်မယ်။ ရန်ဖြစ်တာ။ ကောင်လေးတွေ ငယ်ငယ်ပဲ ရှိသေးတယ်။ အသက် (၂၀) လောက်ပဲရှိတ ယ်။ ထိုးလိုက်တဲ့ သူကလည်း ကလေးထောင်ကနေ လွတ်လာတဲ့သူပဲ”ဟု စမ်းချောင်းမြို့နယ်တွင် နေထိုင်သူ တစ်ဦးက ပြောသည်။

ထိခိုက်ဒဏ်ရာရ အသက် (၂၀) ခန့် အမျိုးသား လူနာတစ်ဦးကို စမ်းချောင်းအရန်မီးသတ်မှ ရန်ကုန်ပြည်သူ့ ဆေးရုံကြီးသို့ ပို့ဆောင်လိုက်ရကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here