ဟားမတ်စ်အဖွဲ့ဝင်ဟု သံသယရှိသူလေးဦးကို အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေအရ ဥရောပတွင် ဖမ်းဆီး

0
203

ဥရောပမြေပေါ်တွင် အကြမ်းဖက်တိုက်ခိုက်ရန် ကြံစည်သည့် ဟားမတ်စ်အဖွဲ့ဝင်များဟု သံသယရှိသူ လေးဦးကို ဂျာမနီနှင့် ဒတ်ခ်ျအာဏာပိုင်များက ဖမ်းဆီးလိုက်ကြောင်း ဂျာမနီအစိုးရရှေ့နေက ကြာသပတေးနေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။

ဥရောပရှိ ဂျူးအဖွဲ့အစည်းများအား တိုက်ခိုက်ရန် စီစဉ်မှု သံသယဖြင့် ဂျာမနီတွင် လူသုံးဦးနှင့် နယ်သာလန်တွင် တစ်ဦးကို ဖမ်းဆီးခဲ့ကြောင်း အစိုးရတရားရေးတာဝန်ရှိသူက ပြောကြားခဲ့သည်။

ဟားမတ်စ်အဖွဲ့ကို အမေရိကန်၊ ဥရောပသမဂ္ဂနှင့် အခြားနိုင်ငံများက အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ထားသည်။

ဂျာမနီတွင် ဖမ်းဆီးခံရသူ သုံးဦးအနက် နှစ်ဦးမှာ လက်ဘနွန်နိုင်ငံသားဖြစ်ပြီး တစ်ဦးမှာ အီဂျစ်နိုင်ငံသားဖြစ်ကြောင်းနှင့် နယ်သာလန်တွင် ဖမ်းဆီးခံရသူမှာ ဒတ်ခ်ျနိုင်ငံသားဖြစ်ကြောင်း သိရသည်။

ဂျာမနီနိုင်ငံ တရားရေးဌာနသည် ဖမ်းဆီးခံရသူများ၏ အမည်များကို ဖော်ပြခဲ့သော်လည်း ထိပ်ဆုံးအမည်များကိုသာဖော်ပြခဲ့ခြင်းဖြစ်ကာ၊ ဂျာမန်ကိုယ်ရေးကိုယ်တာဥပဒေနှင့်အညီ သံသယရှိသူများ၏ မျိုးရိုးအမည်များကို ထုတ်ဖော်ပြောကြားခဲ့ခြင်းမရှိချေ။


LEAVE A REPLY

Please enter your comment!
Please enter your name here