အာဆီယံ-အီးယူ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုတွင် အစိုးရနှင့် ပုဂ္ဂလိက ကဏ္ဍနှစ်ရပ်လုံး၌ လတ်တလော ရင်ဆိုင်နေရသည့် စိန်ခေါ်မှုများနှင့် စပ်လျဉ်း၍ ဆွေးနွေး

0
159

အာဆီယံ – အီးယူ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု ပတ်ဝန်းကျင်တွင် အစိုးရနှင့် ပုဂ္ဂလိက ကဏ္ဍနှစ်ရပ်စလုံး၌ လတ်တလော ရင်ဆိုင်ကြုံတွေ့နေရသည့် စိန်ခေါ်မှုများနှင့် စပ်လျဉ်း၍ အာဆီယံ – ဘရပ်ဆဲလ် ကော်မတီနှင့် EU-ASEAN Business Council တို့ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

အာဆီယံ-ဘရပ်ဆဲလ် ကော်မတီနှင့် EU-ASEAN Business Council တို့ တွေ့ဆုံသည့် အလုပ်သဘော အစည်းအဝေးကို မြန်မာသံရုံး၊ ဘရပ်ဆဲလ်မြို့မှ သံအမတ်ကြီး ပူးတွဲသဘာပတိအဖြစ် တာဝန်ယူဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အာဆီယံ-ဘရပ်ဆဲလ်ကော်မတီ (ABC) အဖွဲ့ဝင် အာဆီယံသံအမတ်ကြီးများနှင့် စင်ကာပူနိုင်ငံအခြေစိုက် EU-ASEAN Business Council တို့ တွေ့ဆုံသည့် အလုပ်သဘော အစည်းအဝေးကို ဒီဇင်ဘာ (၁၃)ရက်က ဘရပ်ဆဲလ်မြို့ရှိ Sofitel Hotel ၌ ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်သည်။

အစည်းအဝေးသို့ ဘရပ်ဆဲလ်မြို့အခြေစိုက် အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ သံအမတ်ကြီးများနှင့် ဘာသာရပ် တာဝန်ခံအရာရှိများ၊ EU-ASEAN Business Council ၏ Executive Board မှ အဖွဲ့ဝင်များ၊ အီးယူစီးပွားရေးအသိုက်အဝန်းမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာနထုတ်ပြန်ချက်အရ သိရသည်။

အစည်းအဝေးတွင် အာဆီယံ-အီးယူ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု ပတ်ဝန်းကျင်တွင် အစိုးရနှင့် ပုဂ္ဂလိက ကဏ္ဍနှစ်ရပ်စလုံးအနေဖြင့် လတ်တလော ရင်ဆိုင်ကြုံတွေ့နေရသည့် စိန်ခေါ်မှုများနှင့် စပ်လျဉ်း၍ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

အီးယူသည် ဒီဂျစ်တယ် အသွင်ကူးပြောင်းမှုတွင် အထူးသဖြင့် လူသားဉာဏ်ရည်တုနည်းပညာ (AI) ကို ဘေးကင်း လုံခြုံစွာ အသုံးပြုမှုတွင် ရှေ့ပြေးရောက်ရှိနေသည့် ဒေသဖြစ်သဖြင့် အာဆီယံနိုင်ငံများနှင့် ဒီဂျစ်တယ်စီးပွားရေးနှင့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှု ပြုနိုင်မည်ဟု ယုံကြည်ကြောင်း၊ ယခုအစည်းအဝေးမှတဆင့် အာဆီယံ နှင့် EU-ASEAN Business Council တို့အကြား ရေရှည်တည်တံ့သော မိတ်ဖက်ဆက်ဆံရေး တည်ဆောက် နိုင်မည်ဟု မျှော်လင့်ကြောင်း အစည်းအဝေးတွင် မြန်မာသံအမတ်ကြီးက ပြောကြားခဲ့သည်။

EU-ASEAN Business Council အဖွဲ့သည် အာဆီယံဒေသအတွင်း အီးယူ၏ စီးပွားရေးအတွက် အဓိကထား ဆောင်ရွက်လျက်ရှိပြီး အီးယူနှင့် အာဆီယံအကြား ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုကို မြှင့်တင်ပေးမည့် မူဝါဒများ ထွက်ပေါ်လာရန် လုပ်ဆောင်နေကြောင်း သိရသည်။

အီးယူ၏ ဥပဒေစည်းမျဉ်းများ ပြောင်းလဲမှုအတွက် အာဆီယံဒေသအတွင်း ရှင်းလင်းပြောကြားနိုင်ရန်နှင့် အာဆီယံအတွင်း လုပ်ဆောင်နေသော အီးယူစီးပွားရေးလုပ်ငန်းများ ၏ အကျိုးစီးပွားကို မြှင့်တင်ရာတွင် ကူညီထောက်ပံ့ပေးရန် အတွက် ဆက်လက်ဆောင်ရွက်သွားမည်ဟု EU – ASEAN Business Council ၏ ဥက္ကဋ္ဌ Mr. Jens Ruebbert က ပြောကြားခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here