အငယ်တန်းချန်ပီယံရှစ် ကြက်တောင်ပြိုင်ပွဲကျင်းပမည်

0
163

မြန်မာနိုင်ငံကြက်တောင်အဖွဲ့ချုပ်နှင့် SP GEMS BADMINTON Junior Championships -2023 တို့ ပူးပေါင်း၍ အငယ်တန်းချန်ပီယံရှစ် ကြက်တောင်ပြိုင်ပွဲကို ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

ပြိုင်ပွဲကို ဒီဇင်ဘာ(၂၃)ရက်မှ(၂၆)ရက်အထိ ပြိုင်ပွဲဝင် အားကစားသမား၂၀၀ ခန့် ဖြင့်၊ ရန်ကုန်မြို့လမ်းမတော်မြို့နယ်အမျိုးသားကြက်‌တောင်အားကစားခန်းမ၌ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်းသိရသည်။

အဆိုပါပြိုင်ပွဲတွင် အသက်(၁၉) နှစ်အောက်၊ အသက်(၁၇) နှစ်အောက်၊အသက်(၁၅) နှစ်အောက်၊ အသက် (၁၃)နှစ်အောက်တွင် အမျိုးသား၊အမျိုးသမီးတစ်ဦးချင်း၊ နှစ်‌ယောက်တွဲတို့ ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။

ထို့အပြင် အသက်(၁၁)နှစ်အောက်၊အသက်(၉)နှစ်အောက် အမျိုးသား၊အမျိုးသမီးတစ်ဦးချင်းပြိုင်ပွဲများကိုလည်း ထည့်သွင်း ကျင်းပသွားမည်ဖြစ်သည်။

ယင်းနှင့်ပတ်သက်သည့် သတင်းစာရှင်းလင်းပွဲကို ယနေ့ နံနက်( ၉)နာရီအချိန်တွင် ရန်ကုန်မြို့လမ်းမတော်မြို့နယ်၊ အမျိုးသားကြက်တောင်အားကစားခန်းမ၌ ကျင်းပခဲ့သည်။

အဆိုပါ အခမ်းအနားသို့မြန်မာနိုင်ငံကြက်တောင်အဖွဲ့ချုပ် ဥက္ကဌဦးအောင်ပိုင်နှင့်အမှုဆောင်များ၊ မြန်မာနိုင်ငံကြက်တောင်အဖွဲ့ချုပ် ၊ လေ့ကျင့်ရေးကော်မတီ ဥက္ကဌ ဦးထွန်းထွန်းဦးနှင့်တာ၀န်ရှိသူများ၊ပြိုင်ပွဲကို အဓိကပံ့ပိုးသူ ( SP Gems )ဖိတ်ကြားထားသည့် ဧည့်သည်တော်များ၊အားကစားသမားများတက်ရောက်ခဲ့ကြသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here