ထိုင်းလေဆိပ်၌နိုင်ငံထွက်ခွာ လဝက ကောင်တာကို စက်ဖြင့်အလိုအလျောက် လုပ်ဆောင်မှုစမ်းသပ်

0
213

သုဝဏ္ဏဘူမိလေဆိပ်၌ နိုင်ငံခြားသားများ ထွက်ခွာသည့်အခါ လဝကအရာရှိများထိုင်စစ်သည့် ကောင်တာဖြတ်ရမည့်အစား နိုင်ငံကူးလက်မှတ် ထိန်းချုပ်ရေးစနစ်ပါသောစက်ဖြင့်အလိုအလျောက် လုပ်ဆောင်လည်ပတ်မှုကို စမ်းသပ်လုပ်ဆောင်နေပြီဖြစ်သည်။

ထိုင်းလူဝင်မှုကြီးကြပ်ရေး ဗျူရိုမှ ကွပ်ကဲရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး အီသီဖွန်း အီသီဆန်ရွန်ချိုင်းသည် ဒီဇင်ဘာလ ၁၅ရက်နေ့ မွန်းတည့်မှ နေ့ခင်း ၂နာရီထိ ထိုစမ်းသပ်နေမှုကို ကြည့်ရှုစစ်ဆေးခဲ့သည်။

ယင်းအော်တိုစနစ်ကို အသုံးပြုသည့် နိုင်ငံခြားသား ၄၃၀၀ ခန့်ရှိပြီး အများဆုံးမှာ တရုတ်နိုင်ငံသား ၁၅၁၂ ဦး၊ စင်ကာပူမှ ၁၈၂ ဦး၊ တောင်ကိုရီးယားမှ ၉၆ ဦးနှင့် ဂျပန် ခရီးသည် ၄၀ ဦး အသီးသီးရှိကြသည်။

ထိုကဲ့သို့စက်ဖြင့် အလိုအလျောက် ထွက်ခွာခွင့်ထိန်းချုပ်နိုင်သည့်နိုင်ငံပေါင်း ၇၀ ခန့်ရှိနေပြီဖြစ်သည်။

Ref: Kahosod


LEAVE A REPLY

Please enter your comment!
Please enter your name here