မြန်မာနိုင်ငံလူမှုကူညီကယ်ဆယ်ရေးအဖွဲ့က ကရင်ပြည်နယ်ရှိ စစ်ရှောင် (၆,၀၀၀) ကျော်အတွက် စားနပ်ရိက္ခာများ ထောက်ပံ့ ကူညီ

0
235

မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့(ဘားအံ)က ဦးစီး၍ ကရင်ပြည်နယ်ရှိ စစ်ရှောင်ပြည်သူ (၆,၀၀၀)ကျော်အတွက် စားနပ်ရိက္ခာများ ထောက်ပံ့လှူဒါန်းပေးလျှက်ရှိကြောင်း သိရသည်။

မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ (ဘားအံ) ဦးဆောင်မှုဖြင့် ဒီဇင်ဘာ (၁၀) ရက်နေ့ မှ ဒီဇင်ဘာ (၁၅)ရက်နေ့အထိ ခြောက်ရက်တာအတွင်း ဒေသခံစစ်ရှောင်ပြည်သူ (၆,၀၀၀)ကျော်အတွက် လိုအပ်နေသည့်ဆန်၊ အသီးအနှံ၊ အဝတ်အထည်တို့ကို ထောက်ပံ့လှူဒါန်းခဲ့ခြင်း ဖြစ်သည်။

ယင်းသို့ ထောက်ပံ့လှူဒါန်းရာ၌ သာမညတောင်ခြေ စစ်ရှောင်စခန်းအပါအဝင် စစ်ရှောင်စခန်း(၈)ခု ရှိ ပြည်သူများကို သွားရောက်ကူညီခဲ့ခြင်းဖြစ်သည်။

ယမန်နေ့ ဒီဇင်ဘာလ (၁၅) ရက်တွင်လည်း ရိုးမဟာကျေးရွာ၊ မနီကုန်း၊ ကမ္ဘာသိန်းရွှေစင် ဘုန်းတော်ကြီးကျောင်းအတွင်း ခိုလှုံနေသောစစ်ရှောင်ပြည်သူများအား အသီး အနှံ၊ ဆန် ၊ သောက်သုံးရေ၊ အဝတ်ထည်များကို အလှူရှင်များကိုယ်စား သွားရောက်လှူဒါန်းပေးခဲ့သည်။

အလားတူ ဒီဇင်ဘာ (၁၄)ရက်တွင်လည်းမြန်မာနိုင်ငံလူမှုကူညီကယ်ဆယ်ရေးအဖွဲ့ (ဘားအံ)နှင့် ကရင်ပြည်နယ် သြဝါဒါစရိယ လှာကဒေါင်ဆရာတော်တို့ ပူးပေါင်း၍ ဒေသခံစစ်ရှောင်ပြည်သူ (၅၀၀)ကျော်အတွက် စားနပ်ရိက္ခာပစ္စည်းများကို ပေးအပ်လှူဒါန်းခဲ့သေးသည်။

ကရင်ပြည်နယ် ကော့ကရိတ်တိုက်ပွဲကြောင့် ယင်းဒေသအတွင်းရှိ ဒေသခံစစ်ရှောင်ပြည်သူများမှာ နီးစပ်ရာဘုန်းကြီးကျောင်းများတွင် နေရပ်စွန့်ခွာ ရှောင်တိမ်းလာခဲ့ရသည်။

ထို့ကြောင့် ဒေသအတွင်း ထောက်ပံ့ကူညီမှုများ ပြုလုပ်နေရပြီး၊ ဒေသတွင်း လူမှုကူညီရေးအဖွဲ့များက စားနပ်ရိက္ခာ၊ အဝတ်အထည်နှင့် သောက်သုံးရေတို့ကို အလှူရှင်များနှင့်ပူပေါင်း၍ ကိုယ်ထူ ကိုယ်ထ ထောက်ပံ့ကူညီနေကြခြင်းလည်း ဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here