လေကြောင်းရန်ကာကွယ်ရေးဇုန်အားကျူးကျော်ဝင်ရောက်လာသည့် ရုရှားနှင့်တရုတ်တို့အားတောင်ကိုရီးယားကန့်ကွက်

0
261

ဆိုးလ်၊ဒီဇင်ဘာ ၁၅

တရုတ်နှင့်ရုရှားတို့၏စစ်လေယာဉ်များက ကြာသပတေးနေ့တွင် ​တောင်ကိုရီးယား၏လေကြောင်းကာကွယ်ရေးဇုန်သို့ကျူးကျော်ဝင်ရောက်မှုနှင့်ပတ်သက်၍ တောင်ကိုရီးယားကရှုံ့ချကြောင်း ကာကွယ်ရေးဝန်ကြီးဌာနကဒီဇင်ဘာ ၁၅ ရက်တွင်ပြောကြားခဲ့သည်။

ယင်းအစီအစဉ်အား ဝန်ကြီးဌာန၏ နိုင်ငံတကာမူဝါဒရေးရာဗျူရိုအကြီးအကဲက ဆိုးလ်မြို့ရှိ တရုတ်နှင့် ရုရှားသံရုံးများရှိ စစ်သံမှူးများ ထံပေးပို့ခဲ့သည်ဟုလည်း ဝန်ကြီးဌာနကထုတ်ပြန်ခဲ့သည်။

“ကျွန်တော်တို့လေပိုင်နက်ရဲ့ အနီးဆုံးအထိကပ်လာပြီး ကြိုတင်အသိပေးမှုလည်းမရှိဘဲလုပ်ဆောင်ခဲ့တာဖြစ်လို့ ဒီလုပ်ရပ်ကိုရှုံ့ချပါတယ်” ဟုလည်းဝန်ကြီးဌာနကဆိုခဲ့သည်။

တရုတ်လေယာဉ်နှစ်စင်းနှင့် ရုရှားစစ်လေယာဉ်လေးစင်းတို့သည် ဂျပန်နှင့်တောင်ကိုရီးယားနှစ်နိုင်ငံကြားပင်လယ်ပြင်ပေါ်၌ပျံသန်းကာ ၎င်းတို့၏လေကြောင်းရန်ကာကွယ်ရေးဇုန်အတွင်း ဝင်ရောက်လာချိန်တွင် တောင်ကိုရီးယားနှင့်ဂျပန်တို့မှ တိုက်လေယာဉ်များ အရေးပေါ်ပျံတက်သတိပေးခဲ့ကြသည်ဟုလည်းသိရသည်။

မော်စကိုသည် တောင်ကိုရီးယား၏လေကြောင်းရန်ကာကွယ်ရေးဇုန်ကိုအသိအမှတ်မပြုဟုဆိုခဲ့ပြီး ပေကျင်းကမူ အဆိုပါဇုန်သည် နယ်မြေပိုင်နက်၊လေပိုင်နက်မဟုတ်ကြောင်းနှင့် နိုင်ငံအားလုံးသည်ထိုနေရာ၌ လွတ်လပ်စွာသွားလာခွင့်ကိုခံစားသင့်သည်ဟုလည်းပြောကြားခဲ့သည်။

Source : ရိုက်တာ/အီးစီ


LEAVE A REPLY

Please enter your comment!
Please enter your name here