ဒဂုံဆိပ်ကမ်းရှိ ဘိလပ်မြေအုတ်စက်ရုံတစ်ခုတွင် အလုပ်သမားတစ်ဦး ဘိလပ်မြေဖျော်စက်အတွင်း ညပ်မိသည့်ဖြစ်စဉ်ဖြစ်ပွား

0
191

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်ရှိ ဘိလပ်မြေအုတ်စက်ရုံတွင် ဘိလပ်မြေဖျော်သည့် စက်ထဲသို့ အလုပ်သမား(၁)ဦး ညပ်မိသည့်ဖြစ်စဥ်ဖြစ်ပွားခဲ့ရာ မီးသတ်တပ်ဖွဲ့မှ ကယ်ထုတ်ခဲ့ရကြောင်း သိရသည်။

ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ (၈၉)ရပ်ကွက်၊ စက်မှုဇုံ(၁)၊ ဦးရွှေဘင်လမ်းရှိ ဘိလပ်မြေအုတ်စက်ရုံအတွင်း ဒီဇင်ဘာ (၁၆)ရက် နံနက် (၉)နာရီ (၅၀)မိနစ်အချိန်က ဘိလပ်မြေဖျော်သည့် စက်ထဲသို့ အမျိုးသား (၁)ဦး ညပ်မိခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ဖြစ်စဉ် သတင်းအရ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်မီးသတ်စခန်းမှ မီးသတ်တပ်ဖွဲ့ဝင်များ သွားရောက်ကာ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်ခဲ့ရကြောင်း သိရသည်။

ထိုသို့ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ထွက်ခွာဆောင်ရွက်ခဲ့ရာ နံနက် (၁၀)နာရီ (၃)မိနစ်အချိန်တွင် စက်အတွင်းညပ်နေသည့် အမျိုးသားအား ကယ်ထုတ်ခဲ့ပြီး ပိတောက်ကွေ့သမ လူမှုကူညီရေးအသင်းယာဉ်ဖြင့် သင်္ဃန်းကျွန်းစံပြဆေးရုံသို့ ကူညီပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here