မြောက်ကိုရီးယားက ICBM စမ်းသပ်မှုကို မကြာခင်ပြုလုပ်လာနိုင်ဟု တောင်ကိုရီးယားအရာရှိ ပြောကြား

0
151

ဆိုးလ်၊ဒီဇင်ဘာ ၁၅

ပြုံးယမ်း၏ နျူကလီးယားလက်နက် ခြိမ်းခြောက်မှုကို တုံပြန်ရေး အမေရိကန်အရာရှိများနှင့် ဆွေးနွေးခြင်းမပြုမီ ယခုလအတွင်း မြောက်ကိုရီးယားက တိုက်ချင်းပစ်ပဲ့ထိန်းဒုံးကျည် (ICBM) တစ်စင်း စမ်းသပ်ပစ်လွှတ်နိုင်သည်ဟု တောင်ကိုရီးယား အကြီးတန်းအရာရှိတစ်ဦးက ဒီဇင်ဘာ ၁၅ ရက်တွင်ပြောကြားခဲ့သည်။

တောင်ကိုရီးယားအမျိုးသားလုံခြုံရေး လက်ထောက်အကြံပေး Kim Tae-hyo က ၎င်း၏ပြောကြားချက်အတွက် အသေးစိတ်ရှင်းလင်းရန် ငြင်းဆိုခဲ့သော်လည်း မြောက်ကိုရီးယား၏ ပဲ့ထိန်းဒုံးကျည်များသည် ဝါရှင်တန်၏ “တိုးချဲ့တားဆီးရေး” မဟာဗျူဟာ အဓိကပစ်မှတ်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

မြောက်ကိုရီးယား၏ ပဲ့ထိန်းဒုံးကျည်များသည် နျူကလီးယားထိပ်ဖူးကို သယ်ဆောင်နိုင်သောကြောင့် ၎င်းတို၏ အကွာအဝေး မည်သို့ရှိစေကာမူ နျူကလီးယားခြိမ်းခြောက်မှုသာဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

မြောက်ကိုရီးယားသည် တောင်ကိုးရီးယား၊ဂျပန်နှင့် အမေရိကန်ပြည်ထောင်စုပြည်မကြီးရှိ ပစ်မှတ်များအထိ ရောက်ရှိနိုင်သော ပဲ့ထိန်းဒုံးကျည်များကို စမ်းသပ် ထုတ်လုပ်ထားခဲ့ကြောင်း သိရသည်။

နိုဝင်ဘာလကမူ မြောက်ကိုရီးယားသည် ၎င်း၏ ပထမဆုံးစစ်ဘက်ဆိုင်ရာ ကင်းထောက်ဂြိုလ်တုအားလွှတ်တင်ခဲ့ပြီး တားမြစ်ထားသော ပဲ့ထိန်းဒုံးကျည်နည်းပညာကို အသုံးပြုမှုအတွက် တောင်ကိုရီးယားနှင့်အမေရိကန်တို့က ရှုတ်ချခဲ့ကြသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here