တရားမဝင် သွယ်တန်းထားသည့် ဖိုင်ဘာကေဘယ်ကြိုးများနှင့် ဝိုင်ဖိုင်ကြိုးများကို ဖယ်ရှားနေ

0
192

ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းပိုင် ဓာတ်တိုင်များပေါ်တွင် တရားမဝင်သွယ်တန်းထားသည့် ဖိုင်ဘာကေဘယ်ကြိုးများနှင့် ဝိုင်ဖိုင်ကြိုးများကို ဖယ်ရှားနေပြီဖြစ်ကြောင်း YESC မှသိရသည်။

အဆိုပါ တရားမဝင်သွယ်တန်းထားသော ဖိုင်ဘာကေဘယ်ကြိုးများနှင့် ဝိုင်ဖိုင်ကြိုးများအား မိမိတို့အစီအစဉ်ဖြင့် ဖယ်ရှားပေးရန် ကြိုတင်အသိပေး ကြေညာထားပြီးဖြစ်ကြောင်းလည်း သိရသည်။

ယင်းသို့ အသိပေးထားသော်လည်း လိုက်နာဆောင်ရွက်မှုမရှိသည့်အတွက် တရားမဝင် ဆက်လက်သွယ်တန်းထားသည့် ဖိုင်ဘာကေဘယ်ကြိုးများနှင့် ဝိုင်ဖိုင်ကြိုးများကို ဖယ်ရှားရှင်းလင်းခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

လက်ရှိတွင် လှိုင်မြို့နယ်၊အုတ်ကျင်းဘူတာရုံလမ်း တလျှောက်ရှိ ဓာတ်တိုင်များတွင် တရားမဝင် သွယ်တန်းထားသည့် ဖိုင်ဘာကေဘယ်ကြိုးများနှင့် ဝိုင်ဖိုင်ကြိုးများအားဖယ်ရှားရှင်းလင်းခြင်းကို လှိုင်မြို့နယ်၊ မြို့နယ်လျှပ်စစ် အင်ဂျင်နီယာနှင့် ဝန်ထမ်းများ၊ တရားဝင်ခွင့်ပြုထားသော ဆက်သွယ်ရေးကုမ္ပဏီများက ဝန်ထမ်းများဖြင့် ဒီဇင်ဘာ (၁၁) ရက်မှစတင်ပြီး ဆောင်ရွက်နေကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here