မြန်မာ၌ ယခုနှစ်၏ကိုးလအတွင်း မြေမြှုပ်မိုင်းနှင့်အကြွင်းအကျန်များကြောင့် ထိခိုက်​ေ-သဆုံးမှု ၈၅၈ ဦးအထိရှိဟု ယူနီဆက်ဖ်ဆို

0
211

မြန်မာနိုင်ငံ၌ မြေမြှုပ်မိုင်းနှင့်အကြွင်းအကျန်ပစ္စည်းပမာဏများသည် မြင့်တက်လျက်ရှိနေပြီး ၂၀၂၃ ခုနှစ် ပထမ ၉ လအတွင်းတွင် မြေမြှုပ်မိုင်းနှင့်ပေါက်ကွဲစေသောပစ္စည်းများကြောင့် ​ေ-သဆုံးသူ ၁၅၃ ဦး ဒဏ်ရာရသူ ၇၀၃ ဦးဖြင့် စုစုပေါင်း ၈၅၈ ဦး​ေ-သဆုံးဒဏ်ရာရမှုများရှိခဲ့ကြောင်း ယူနီဆက်ဖ် ၏ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

မြန်မာနိုင်ငံတွင် ၂၀၂၃ ခုနှစ် ပထမ ၉ လအတွင်း မြေမြှုပ်မိုင်းနှင့် ၎င်း၏အကြွင်းအကျန် ပေါက်ကွဲစေသောပစ္စည်းများကြောင့် ​ေ-သဆုံး၊ဒဏ်ရာရသူပမာဏသည် ပြီးခဲ့သည့်နှစ် ပထမ ၉ လနှင့်နှိုင်းယှဉ်လျှင် ၂၂၀ ရာခိုင်နှုန်းအထိမြင့်တက်လာခဲ့ကြောင်းလည်းသိရသည်။

မြေမြှုပ်မိုင်းနှင့်အခြားပေါက်ကွဲစေသောပစ္စည်းများ ပေါက်ကွဲမှုအများဆုံးဖြစ်ပွားခဲ့ရာဒေသများတွင် စစ်ကိုင်းတိုင်းဒေသကြီးက ထိပ်ဆုံး၌ဦးဆောင်နေပြီး ရှမ်းနှင့် ပဲခူးတိုင်းတို့က ဒုတိယနှင့်တတိယနေရာတွင် ရှိနေကြသည်။၂၀၂၃ ခုနှစ် ပထမကိုးလအတွင်းဖြစ်ပွားခဲ့သော မြေမြှုပ်မိုင်းပေါက်ကွဲမှုအားလုံး၏ ၃၇ ရာခိုင်နှုန်းသည် စစ်ကိုင်းတိုင်းဒေသကြီးတွင်ဖြစ်ပွားခဲ့ပြီး ၃၁ ဦး​ေ-သဆုံးကာ ၂၆၈ ဦးဒဏ်ရာရခဲ့ကြောင်းသိရသည်။

ထို့ပြင် ရှမ်းပြည်နယ်က ၁၂ ရာခိုင်နှုန်းနှင့် ပဲခူးတိုင်းက ၁၀ ရာခိုင်နှုန်းတို့ရှိခဲ့ကြောင်းလည်းသိရသည်။မြေမြှုပ်မိုင်းနှင့်ပေါက်ကွဲစေသော ပစ္စည်းများကြောင့် ​ေ-သဆုံး၊ဒဏ်ရာရသူများအားလုံး၏ ၂၂ ရာခိုင်နှုန်းသည် ကလေ-းငယ်များဖြစ်ကြောင်း ယူနီဆက်ဖ်၏ နောက်ဆုံးထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

ထို့ပြင် ဧရာဝတီ၊ချင်း၊ကချင်၊ကယား၊မကွေး၊ မန္တလေး၊မွန်၊ရခိုင်၊တနင်္သာရီနှင့်ရန်ကုန်တိုင်းတွင်လည်း မြေမြှုပ်မိုင်းပေါက်ကွဲမှုများဖြစ်ပွားခဲ့ဖူးကြောင်းသိရပြီး မြန်မာနိုင်ငံတွင် အာဏာအငြင်းပွားမှုများဖြစ်ပွားခဲ့ပြီးနောက်ပိုင်း လက်နက်ကိုင်ပဋိပက္ခများဖြစ်ပွားလာခဲ့ခြင်းနှင့်အတူ မြေမြှုပ်မိုင်းနှင့်ပေါက်ကွဲစေသောပစ္စည်းများပေါက်ကွဲမှုအခြေအနေများလည်း မြင့်တက်နေကြောင်း‌ဖော်ပြထားသည်။

Source : ယူနီဆက်ဖ်


LEAVE A REPLY

Please enter your comment!
Please enter your name here