တာချီလိတ်မြို့နယ်တွင် အမျိုးသမီးတစ်ဦးထံမှ ငွေကျပ်သိန်း ၄၅၁၀ တန်ဖိုးရှိ Happy Water စိတ်ပြောင်းဆေးဝါးများ ဖမ်းဆီးရမိ

0
238

ရှမ်းပြည်နယ် အရှေ့ပိုင်း၊ တာချီလိတ်မြို့နယ်တွင် အမျိုးသမီးထံမှ ငွေကျပ်သိန်း ၄၅၁၀ တန်ဖိုးရှိ Happy Water စိတ်ပြောင်းဆေးဝါးများ ဖမ်းဆီးရမိကြောင်း မြန်မာနိုင်ငံ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ထံမှ သိရသည်။

တာချီလိတ်မြို့နယ်၊ ဝှေလေလန်ကျေးရွာအနီးတွင် ဒီဇင်ဘာ (၁၄) ရက်က မအီလာ မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရှာဖွေခဲ့ခြင်း ဖြစ်သည်။

ထိုသို့ရှာဖွေခဲ့ရာ ဆိုင်ကယ်ခွကြားတွင် တင်၍ သယ်ဆောင်လာသော လက်ဆွဲအိတ်အတွင်းမှ စိတ်ပြောင်းဆေးဝါး (Happy Water)အလေးချိန် ၄.၁ ကီလို (ဒေသကာလပေါက်ဈေးတန်ဖိုး ငွေကျပ်သိန်း ၄၅၁၀) နှင့် လက်ကိုင်ဖုန်း (၂) လုံးတို့ကို တွေ့ရှိသိမ်းဆည်းရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မူးယစ်ဆေးဝါး လက်ဝယ်တွေ့ရှိသူ မအီလာ (၄၀) နှစ်အား ဝမ်ပုံနယ်မြေရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာ ဥပဒေအရ အမှုဖွင့် အရေးယူထားရှိပြီး ကွင်းဆက်များ ဖော်ထုတ်လျက်ရှိကြောင်း CCDAC MYANMAR မှ ထုတ်ပြန်ချက်အရ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here