အိန္ဒိယ အမျိုးသမီးကလပ်နှင့် ပွဲဦးထွက်မှာပင် သွင်းဂိုး (၂) ဂိုး သွင်းယူနိုင်ခဲ့သည့် ဝင်းသိင်္ဂီထွန်း

0
258

မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်း တိုက်စစ်မှူးဝင်းသိင်္ဂီထွန်းသည် သူမ၏ အသင်းသစ်ဖြစ်သည့် အိန္ဒိယအမျိုးသမီးကလပ် Odisha FC အသင်းနှင့် ပွဲဦးထွက်မှာပင် သွင်းဂိုး (၂) ဂိုး သွင်းယူနိုင်ခဲ့သည်။

IWL 2023-24 ပွဲစဥ်ဖြစ်သည့် Odisha India’s Best Kept Secret နှင့် Odisha FC တို့ ယမန်နေ့ ဒီဇင်ဘာ (၁၅) ရက်က ယှဥ်ပြိုင်ကစားရာ ဝင်းသိင်္ဂီထွန်းသည် Odisha FC နှင့် အတူပွဲထွက်ကစားခွင့်ရရှိခဲ့ပြီး ပွဲကစားချိန် ( ၅၆ ) မိနစ်နှင့် ( ၅၇ ) တို့တွင် အသင်းအတွက် အနိုင်ဂိုး (၂) ဂိုး သွင်းယူနိုင်ခဲ့သည်။

ပွဲအပြီးတွင် Odisha FC က (၄) ဂိုး ဂိုးမရှိရလဒ်ဖြင့် အနိုင်ရရှိခဲ့ကြောင်း သိရသည်။

ဝင်းသိင်္ဂီထွန်းသည် မြန်မာအမျိုးသမီး ဘောလုံးသမားများထဲတွင် ဂိုးသွင်းအများဆုံး တိုက်စစ်မှုးတစ်ဦးလည်းဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here