ချမ်းမြသာစည်မြို့နယ်ရှိ WFY Education Center (၄) လွှာတွင် မီးလောင်မှု ဖြစ်ပွား

0
150

မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ (၁၁၁) လမ်း၊ (၆၃) လမ်းနှင့် (၆၄) လမ်းကြားရှိ WFY Education Center (၄) လွှာတွင်တွင် မီးလောင်မှုဖြစ်ပွားကြောင်း မီးသတ်တပ်ဖွဲ့နှင့် လူမှုကူညီရေးအသင်းများထံမှ သိရသည်။

ယနေ့ ဒီဇင်ဘာ (၁၆) ရက်၊ ညနေ (၃)နာရီ (၃၄)မိနစ်ခန့်အချိ န်က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး မီးသတ်တပ်ဖွဲ့နှင့် လူမှုကူညီရေး အသင်းများမှ ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရကြောင်း သိရသည်။

အခင်းဖြစ်နေရာသို့ ချမ်းမြသာစည်မြို့နယ် မီးသတ်စခန်း၊ အောင်ပင်လယ် နယ်မြေမီးသတ်စခန်း၊ မြို့သစ်(၄)အရန်မီးသတ်စခန်း၊ ကံသာယာ အရန်မီးသတ်စခန်း၊ အောင်သာယာအရန်မီးသတ်စခန်း၊ မြို့သစ်(၂) အရန်မီးသတ်စခန်း၊ အောင်ပင်လယ်(၁) အရန်မီးသတ်စခန်း၊ အောင်ပင်လယ်(၂) အရန် မီးသတ်စခန်း၊ မြရည်နန္ဒာ အရန်မီးသတ်စခန်းနှင့် MMC သီးသန့်မီးသတ်စခန်းတို့မှ မီးငြှိမ်းသတ်ယာဉ်များ၊ ရေသယ်ယာဉ်များဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ကြောင်း သိရသည်။

“မန္တလေး၊ ချမ်းမြသာစည်မြို့နယ်၊ ၁၁၁ လမ်း၊ ၆၃ လမ်းနဲ့ ၆၄ လမ်းကြားမှာရှိတဲ့ နေ့ကလေးထိန်းကျောင်း ၄ လွှာမှာ လောင်တာပါ”ဟု မီးသတ်တပ်ဖွဲ့ တာဝန်ရှိသူ တစ်ဦးက ပြော သည်။

ထိုသို့ ငြှိမ်းသတ်ခဲ့ရာ ညနေ (၃)နာရီ (၄၅)အချိန်တွင် မီးထိန်းနိုင်ခဲ့ကာ ညနေ (၃)နာရီ (၅၀)မိနစ်အချိန်တွင် မီးငြှိမ်းသတ်နိုင်ခဲ့ပြီး ဖြစ်စဉ်နှင့် ပတ်သက်၍ မီးလောင်မှု အကြောင်းရင်း ပျက်စီးဆုံးရှုံးမှု အခြေနေများကို မီးသတ်တပ်ဖွဲမှ စုံစမ်းသွားမည်ဖြစ်ကြောင်း သိရသည်။

ဒီဇင်ဘာ (၁၂)ရက်ကလည်း မန္တလေး အောင်မြေသာစံမြို့န ယ် (၁၉) လမ်း နန်းရှေ့ရပ်ကွက်ရှိ ကံကော်ကိုယ်ပိုင်အထက်တန်းကျောင်းတွင် မီးလောင်မှုဖြစ်ပွားခဲ့သေးကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here