စင်္ကာပူ၌ ကိုဗစ်ကူးစက်မှုပြန်မြင့်လာသဖြင့် လူထူထပ်သည့်နေရာများ၌ နှာခေါင်းစည်းတပ်ကြရန် အလေးအနက်တိုက်တွန်း

0
132

စင်္ကာပူ၊ဒီဇင်ဘာ ၁၅

စင်္ကာပူ၌ ကိုဗစ်ကူးစက်မှုဆက်လက်မြင့်တက်နေသဖြင့် လူထူထပ်ရာနေရာများ၌ နှာခေါင်းစည်းတပ်ဆင်သွားလာကြရန် အ လေး အနက် တိုက်တွန်းထားကြောင်း စင်္ကာပူကျန်းမာရေးဝန်ကြီးဌာနကပြောကြားခဲ့သည်။

ယင်းသို့နှာခေါင်းစည်းတပ်ဆင်ရာ၌ ဖျားနာခြင်းမရှိလျှင်ပင် လူထူထပ်သည့်အဆောက်အအုံများနှင့် ကျန်းမာရေးအရထိရှလွယ်သူများထံသွားရောက်ရာ၌ အထူးဂရုပြုတပ်ဆင်သင့်သည်ဟုလည်းထပ်လောင်းပြောကြားခဲ့သည်။

စင်္ကာပူ၌ ဒီဇင်ဘာ ၃ ရက်မှ ၉ ရက်အထိ ခန့်မှန်းခြေကိုဗစ်ဖြစ်ပွားမှုအရေအတွက်သည် ၅၆,၀၄၃ ဦးအထိတိုးမြင့်လာကာ ယခင်အပတ်က ၃၂,၀၃၅ ဦးနှင့်နှိုင်းယှဉ်ပါက ၇၅ ရာခိုင်နှုန်းအထိခုန်တက်သွားကြောင်း ဝန်ကြီးဌာနက ဒီဇင်ဘာ ၁၅ ရက်တွင်ပြောကြားခဲ့သည်။

ပျမ်းမျှအားဖြင့် ကိုဗစ်ဖြင့်နေ့စဉ်ဆေးရုံတက်နေရသူသည် ယခင် ၂၂၅ ဦးမှ ၃၅၀ ဦးအထိမြင့်တက်လာပြီးအထူးကြပ်မတ်ကုသဆောင်ရှိ ပျမ်းမျှနေ့စဉ်ဖြစ်ပွားမှု လူနာအရေအတွက်သည်လည်း လေးဦးမှကိုးဦးအထိ မြင့်တက်လာကြောင်းသိရသည်။

ခရီးသွားမည့်လူနာများအနေဖြင့်လည်း နှာခေါင်းစည်းကို မဖြစ်မနေတပ်ဆင်ကာ ကျန်းမာရေးအာမခံမှုများပြုလုပ်ပြီး လူထူထပ်သည့်နေရာများအား အတတ်နိုင်ဆုံးရှောင်ရှားသွားလာသင့်ကြောင်းဆိုထားသည်။

“ပြင်းထန်ပြီးအသက်အန္တရာယ်ရှိသော အရေးပေါ်အခြေအနေများအတွက်သာ ဆေးရုံ၏ အရေးပေါ်ဌာနတွင်ဆေးကုသမှုခံယူရန် ပြည်သူများအား ကျွန်ုပ်တို့ တိုက်တွန်းပါသည်” ဟုလည်းဝန်ကြီးဌာနက အလေးပေးပြောကြားခဲ့သည်။

ယင်းသို့လုပ်ဆောင်ပေးခြင်းအားဖြင့်
ရောဂါပြင်းထန်ပြီးဆေးရုံ၏စောင့်ရှောက်မှုလိုအပ်နေသည့် လူနာများကို ၎င်းတို့ဆေးရုံ နိုင်နိုင်နင်းနင်းဆောင်ရွက်နိုင်ကာ ရောဂါပြင်းထန်သည့်နာမကျန်းသူများအားအချိန်မီကုသမှုခံယူနိုင်စေမည်ဟုလည်းဆိုခဲ့သည်။

Source : CNA


LEAVE A REPLY

Please enter your comment!
Please enter your name here