သင်္ဃန်းကျွန်းတွင် ဘေးတွဲဆိုင်ကယ်က အမှိုက်လှည်းအား ဝင်ရောက်တိုက်မိပြီး လူ (၃) ဦး ထိခိုက်ဒဏ်ရာများရ

0
227

ရန်ကုန်တိုင်း ဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်၊ သံသုမာလမ်းမကြီးပေါ်တွင် ဘေးတွဲဆိုင်ကယ်က အမှိုက်လှည်းအား ဝင်ရောက်တိုက်မိခဲ့သည့်အတွက် လူ (၃) ဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း သုဝဏ္ဏပရဟိတအသင်းမှ သိရသည်။

သင်္ဃန်းကျွန်းမြို့နယ်၊ သံသုမာလမ်း၊ ကြီးပွားရေးရပ်ကွက်၊ ကားလေးဂိတ်ဟောင်း၊ (ပြည်ထောင်စုပန်းခြံ) ရှေ့တွင် ဒီဇင်ဘာ (၁၆) ရက်၊ ညနေ (၄)နာရီခွဲအချိန်ခန့်က ဘေးတွဲဆိုင်ကယ်မှ အမှိုက်လှည်းအား ဝင်ရောက်တိုက်မိမှုဖြစ်ပွား ထိခိုက်ဒဏ်ရာရ လူနာများကြောင်း တာဝန်သိပြည်သူတစ်ဦးမှ သုဝဏ္ဏပရဟိတ အသင်းထံသို့ ဆက်သွယ်အကူအညီတောင်းခံမှုအရ သွားရောက်ခဲ့ခြင်း ဖြစ်သည်။

“အသင်းဆီ အကူညီတောင်းလို့ အချိန်မှီ သွားရောက်ပြီး ထိခိုက်ဒဏ်ရာရ လူနာ (၃)ဦးကို မြေပြင်ကုသမှုပေးပြီး ဆေးကုသမှုခံယူနိုင်ဖို့ ကူညီပေးခဲ့တယ်။ ဒဏ်ရာရ လူနာတွေရဲ့ မိသားစုတွေဆီ ဆက်သွယ်လွှဲပြောင်းပေးခဲ့ပါတယ်”ဟု အသင်းက ဆိုသည်။

ဖြစ်စဉ်အရ ထိခိုက်ဒဏ်ရာရ အမျိုးသား (၂) ဦး၊ အမျိုးသမီး (၁) ဦးတို့အား မြေပြင်ဆေးကုသမှုပေးပြီး သင်္ဃန်းကျွန်းပြည်သူ့ဆေးရုံကြီးသို့ (အခမဲ့) ကူညီပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here