ဂါဇာ ဓ-ါးစာခံများအတွက် စေ့စပ်ညှိနှိုင်းမှုအသစ်များ လုပ်ဆောင်နေဟု နေတန်ယာဟု အရိပ်အမြွက် ပြောကြား

0
185
Israeli Prime Minister Benjamin Netanyahu heads the weekly cabinet meeting at his office in Jerusalem on December 10, 2023. (Photo by RONEN ZVULUN / POOL / AFP)

ဟားမတ်စ်တို့ လက်တွင်းရောက် ဓ-ါးစာခံတွေ လွတ်မြောက်ရေးအတွက် စေ့စပ်ညှိနှိုင်းမှုသစ်တွေ လုပ်ဆောင်နေတယ်လို့ အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုက ဒီဇင်ဘာ ၁၆ ရက်မှာ အရိပ်အမြွက် ပြောဆိုခဲ့ပါတယ်။ ၎င်းရဲ့ မော့ဆက်ထောက်လှမ်းရေးဋ္ဌာန အကြီးအကဲနဲ့ အစ္စရေး-ပါလက်စတိုင်း ပဋိပက္ခမှာ ကြားဝင်ညှိနှိုင်းနိုင်ငံဖြစ်တဲ့ ကာတာနိုင်ငံ ဝန်ကြီးချုပ်တို့ တွေ့ဆုံခဲ့ကြအပြီး အခုလို ပြောလာတာပါ။

ဟားမတ်စ်တို့ ဖမ်းဆီးထားတဲ့ ဓ-ါးစာခံ ၁၀၀ ကျော်အနက် သုံးဦးကို အစ္စရေးစစ်တပ်က မှားယွင်းသ-တ်ဖြ-တ်မှုဖြစ်ခဲ့အပြီး နောက်တစ်ရက်မှာပြုလုပ်တဲ့ ရုပ်သံသတင်းစာရှင်းလင်းပွဲအတွင်း နေတန်ယာဟုက ဂါဇာပဋိပက္ခဟာ ထာဝရစစ်ပွဲတစ်ခုဖြစ်တယ်လို့ ဆိုခဲ့ပြီး ဖိအားတွေနဲ့ ကုန်ကျစရိတ်တွေ ရှိနေစေကာမူ အောင်ပွဲရတဲ့အထိ တိုက်ပွဲဝင်သွားရမှာဖြစ်တယ်လို့ ပြောခဲ့ပါတယ်။ ဒါ့အပြင် ဂါဇာဒေသ စစ်မဲ့နယ်မြေဖြစ်သွားအောင်၊ အစ္စရေးလုံခြုံရေး ထိန်းချုပ်မှုအောက်ရောက်ရှိအောင် လုပ်ဆောင်ရလိမ့်မယ်လို့လည်း သူက ပြောဆိုခဲ့ပါတယ်။

အစ္စရေးရဲ့ ဂါဇာထိုးစစ်ဟာ နိုဝင်ဘာလမှာ ဓ-ါးစာခံ တစ်ချို့တစ်ဝက် ပြန်လွှတ်ရေး သဘောတူညီချက်ကို ဖြစ်ပေါ်စေခဲ့တယ်လို့ သူက ပြောဆိုပါတယ်။

ဓ-ါးစာခံတွေ ‌ေ-သဆုံးရ့မှုအတွက် မိမိ ကြေကွဲဝမ်းနည်းရသလို တစ်နိုင်ငံလုံးလည်း ဝမ်းနည်းကြေကွဲကြရကြောင်း၊ “အလွန်ဝမ်းနည်းရခြင်းနဲ့အတူ ရှင်းလင်း တင်ပြလိုတာကတော့ မိမိတို့ ရန်သူတွေအပေါ် အောင်နိုင်ရေး၊ ပြန်ပေးဆွဲခံရသူတွေ ပြန်လွတ်မြောက်ရေးနှစ်ရပ်စလုံးအတွက် စစ်ရေးဖိအား လိုအပ်တယ်ဆိုတာပါပဲ” လို့ သူက ဆက်လက် ပြောဆိုသွားပါတယ်။

အစ္စရေးရဲ့ မော့ဆက်ထောက်လှမ်းရေးအဖွဲ့ခေါင်းဆောင် ဒေးဗစ်ဘာနီယာနဲ့ ကာတာဝန်ကြီးချုပ် မိုဟာမက် ဘင် အဗ္ဗဒူလ်ရာမန် အယ်လ်သာနီတို့ သောကြာနေ့ အနှောင်းပိုင်းက ဥရောပမှာ တွေ့ဆုံခဲ့ကြပြီးနောက် နေတန်ယာဟုရဲ့ ပြောဆိုချက်ထွက်လာတာလို့ ယင်းအကြောင်းအရာအပေါ် သိရှိထားတဲ့ သတင်းရင်းမြစ်တစ်ခုက ပြောဆိုပါတယ်။ ဒီတွေ့ဆုံမှုကြောင့် ဂါဇာအပစ်ရပ်စဲရေးအသစ်နဲ့ အကျဉ်းသား-ဓ-ါးစာခံ အပြန်အလှန်လဲလှယ်ရေးဖြစ်နိုင်ခြေအပေါ် အာရုံစိုက်လာစေခဲ့ပါတယ်။

နေတန်ယာဟုက အဆိုပါတွေ့ဆုံမှုနဲ့ ပတ်သက်တဲ့ မေးခွန်းကိုတော့ ဖြေကြားဖို့ ရှောင်လွှဲသွားခဲ့ပြီး သူ့အနေနဲ့ ဟားမတ်စ်ကို သတင်းအချက်အလက် ပေးမှာမဟုတ်ဘူးလို့ ဆိုခဲ့ပါတယ်။ ဂါဇာ ဆွေးနွေးပွဲတွေမှာ အပစ်အခတ်ရပ်စဲမှုနဲ့ အစ္စရေးတပ်ဖွဲ့တွေ ဂါဇာက ထွက်ပေးဖို့ တောင်းဆိုမှုတွေရှိပေမယ့် ဒီလိုဖြစ်လာမှာ မဟုတ်ဘူးလို့ သူက ပြောဆိုသွားခဲ့ပါတယ်။

Ref: CNA


LEAVE A REPLY

Please enter your comment!
Please enter your name here