မန္တလေးဈေးကွက်ထဲ နှမ်းနက်များ အရောင်းအဝယ်ကောင်း

0
291

မန္တလေးဈေးကွက်အတွင်း နှမ်းနက်များ ဝင်ရောက်လာပြီး အရောင်းအဝယ် ကောင်းလျက်ရှိကြောင်း မန္တလေးမြို့မှ စိုးဝင်းမြင့်ပွဲရုံပိုင်ရှင် ဦးစိုးဝင်းမြင့်၏ ပြောပြချက်အရ သိရသည်။

မန္တလေးဈေးကွက်အတွင်း ရွှေဘို၊ ဝက်လက်၊ ရေဦး၊ ဇီးကုန်း၊ ကျွန်းလှနယ်တို့မှ ထွက်ရှိသည့် နှမ်းနက်များ ဝင်ရောက်လာပြီး လက်ရှိတွင် ဈေးကွက်အတွင်း နှမ်းနက်သုံးတင်းဝင် တစ်အိတ်လျှင် ငွေကျပ် ၃၄ဝ,ဝဝဝ ဖြင့် အရောင်းအဝယ် ကောင်းလျက်ရှိကြောင်း သိရသည်။

“ဒီရက်ပိုင်းမှာ မန္တလေးဈေးကွက်ကို နှမ်းနက်အပြင် နှမ်းဖြူတွေပါ ဝင်ရောက်လာပြီး အရောင်းအဝယ်တွေ ကောင်းနေပါတယ်။ နှမ်းနက်ကလဲ ပြည်ပပို့ကုန်အနေနဲ့ ပို့ခွင့်ရထားပါတယ်။ ဒီနှစ်မှာ အထွက်နှုန်းလဲ ကောင်းမွန်တာကို တွေ့ရပါတယ်”ဟု ပွဲရုံပိုင်ရှင်က ပြောသည်။

ထို့အပြင် ယခုရက်ပိုင်း မန္တလေးဈေးကွက်အတွင်း တရုတ်ဝယ်လက်များ၏ ဝယ်ယူမှုများ ရှိနေတာကြောင့် အရောင်းအဝယ်တွေ ကောင်းမွန်လျက်ရှိပြီး နှမ်းဖြူကလည်း ဈေးကွက်အတွင်းမှာ အရောင်းအဝယ်တွေ ကောင်းနေကာ ယခုနှစ်အတွင်း နှမ်းသီးနှံများ အရောင်းအဝယ်ကောင်းလျက်ရှိကြောင်း သိရသည်။

ယခုနှစ်အတွင်း နှမ်းသီးနှံကို နယ်မြေဒေသ အသီးသီးတွင် တိုးချဲ့စိုက်ပျိုးလာကြပြီး ထွက်ရှိလာသည့် နှမ်းသီးစုစုပေါ င်း၏ ၉၅ ရာခိုင်နှုန်းက ပြည်ပသို့ တင်ပို့လျက်ရှိကာ အဓိကအနေဖြင့် တရုတ်ဈေးကွက်သို့ ပို့ဆောင်ရောင်းချနေရကြောင်း သိရသည်။

နှမ်းသီးနှံကို မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးတို့တွင် အများဆုံး စိုက်ပျိုးကြပြီး နှမ်းနက်ကို သီးထပ်အဖြစ် ရာသီမရွေး စိုက်ပျိုးနိုင်ကာ ရက် ၁ဝဝ အတွင်း ပေါ်ထွက်လေ့ရှိသော သီးနှံဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here