ကျေးရွာများ ဗို့အားပြည့်ဝတည်ငြိမ်သည့် လျှပ်စစ်ဓာတ်အား ပေးနိုင်ရေး စနစ်တကျ စစ်ဆေးရန် လျှပ်စစ်ဝန်ကြီးပြော

0
259

နေပြည်တော် ကောင်စီနယ်မြေ၊ တပ်ကုန်းမြို့နယ်နှင့် အနီးပတ်ဝန်းကျင်ရှိကျေးရွာများ ဗို့အားပြည့်ဝတည်ငြိမ်ပြီးအရည်အသွေးပြည့်ဝသည့် လျှပ်စစ်ဓာတ်အားများ ဖြန့်ဖြူးပေးပို့နိုင်ရေး၊ ဓာတ်အားလိုင်းနှင့် ဓာတ်အားခွဲရုံသုံး ဆက်စပ်ပစ္စည်းများကို စနစ်တကျ စစ်ဆေးကြရန်လိုအပ်ကြောင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်း ကပြောသည်။

ဒီဇင်ဘာ (၁၆) ရက်၊ နံနက်ပိုင်းက နေပြည်တော် ကောင်စီနယ်မြေ၊ တပ်ကုန်းမြို့နယ်၊ လျှပ်စစ်အင်ဂျင်နီယာရုံး၏ လုပ်ငန်းဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးစဉ် ပြောဆိုခဲ့ခြင်းဖြစ်သည်။

တပ်ကုန်းမြို့နယ်နှင့် အနီးပတ်ဝန်းကျင်ရှိ ကျေးရွာများ၏ ဓာတ်အားသုံးစွဲမှုနှင့် ဓာတ်အားဖြန့်ဖြူးပေးနေမှု၊ မီတာဘေလ်ငွေကောက်ခံနေမှု၊ ဓာတ်အားပျောက်ဆုံးမှု လျော့နည်းကျဆင်းရေးဆောင်ရွက်ထားမှုနှင့် ဘဏ္ဍာရေး နှစ်အလိုက် ဆောင်ရွက်သွားမည့်အစီအမံများကိုတာဝန်ရှိသူများက ရှင်းလင်းတင်ပြကြသည်။

ပြည်သူကို အကောင်းဆုံးဝန်ဆောင်မှုပေးရန်နှင့် နိုင်ငံတော်၏ ဘဏ္ဍာငွေ လေလွင့်ဆုံးရှုးမှု မရှိစေရေး ဂရုစိုက်ဆောင်ရွက်ရန်၊ ဓာတ်အားလိုင်း၊ ဓာတ်အားခွဲရုံသုံးပစ္စည်းများနှင့် ရုံးလုပ်ငန်းသုံးပစ္စည်းများကို စနစ်တကျ ထိန်းသိမ်းထားရှိရန် ပြည်​ထောင်စုဝန်ကြီးက မှာကြားခဲ့သည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့မှ ၃၃/၁၁ ကေဗွီ ငွေတောင်ဓာတ်အားခွဲရုံမှ တပ်ကုန်းမြို့တွင်းနှင့် အနီးပတ်ဝန်းကျင်ကျေးရွာများသို ဓာတ်အားဖြန့်ဖြူးပေးထားမှုကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here