ထိုင်းလိဂ်ဝမ်းပွဲစဉ်တွင် ပွဲထွက်ကစားခွင့်ရရှိခဲ့သည့် မြန်မာလက်ရွေးစင် မောင်မောင်လွင်နှင့် အောင်သူ

0
381

ယမန့်နေ့ ဒီဇင်ဘာ (၁၆)ရက် ညနေပိုင်းမှာ ယှဉ်ပြိုင်ကစားခဲ့သော ထိုင်းလိဂ်ဝမ်းပွဲစဉ်၌ ထိုင်းဿာနီအသင်းနှင့် လမ်ဖွန်ဝါရီယာအသင်းတွင် မြန်မာလက်ရွေးစင် မောင်မောင်လွင်နှင့် အောင်သူတို့ ပွဲထွက်ကစားခွင့်ရရှိခဲ့သည်။

မြန်မာ့လက်ရွှေးစင် မောင်မောင်လွင်က လန်ဖွန်ဝါရီအသင်းဘက်မှ ပွဲထွက်ကစားခွင့်ရရှိခဲ့ပြီး၊ ‌မြန်မာ့လက်ရွှေးစင် အောင်သူ အနေဖြင့် ဥထိုင်းဿနီအသင်းဘက်မှ ပွဲထွက်ကစားခွင့်ရရှိခဲ့ခြင်းဖြစ်သည်။

အဆိုပါ ထိုင်းလိဂ်ဝမ်းပွဲစဉ်တွင် အသင်းနှစ်သင်းအနေဖြင့် ရမှတ်လိုအပ်ချက်အရ အရေးပါနေသည့်အတွက် အကြိတ်အနယ်ယှဉ်ပြိုင်ကစားခဲ့ကြသည်။

ယှဉ်ပြိုင်ကစားရာတွင် တစ်ဖက် နှစ်ဂိုးစီဖြင့် သရေကျခဲ့ပြီးနောက် လမ်ဖွန်ဝါရီအသင်းက အမှတ်ပေးဇယားအဆင့် (၁၁) နေရာတွင် ရပ်တည်နိုင်ခဲသည်။

အလားတူ ဥထိုင်းဿနီအသင်းသည်လည်း ပွဲစဉ်အပြီး အမှတ်ပေးဇယားအဆင့် (၈)နေတွင် ရပ်တည်‌ခဲ့ရသည်။

ဥထိုင်းဿနီအသင်းသည် ပွဲစဉ် မစတင်မီအမှတ်ပေးဇယားအဆင့် (၇)တွင် ရပ်တည်နေပြီး၊ လမ်ဖွန်ဝါရီအသင်းအနေဖြင့် အမှတ်ပေးဇယား အဆင့်(၁၃)နေရာတွင် ရပ်တည်နေသော အသင်းများဖြစ်သည်။

အဆိုပါ ပွဲစဉ်တွင် ဥထိုင်းဿနီအသင်းသို့ရောက်ရှိနေသော မြန်မာ့လက်ရွှေးစင် အောင်ကောင်းမာန်အနေဖြင့် ပွဲထွက်ကစားခွင့်မရရှိခဲ့ဘဲ အောင်သူတစ်ဦးသာကစားခွင့်ရရှိခဲ့ခြင်းဖြစ်သည်။

ပွဲစဉ်မစတင်မီ မြန်မာ့လက်ရွှေး ဘောလုံးသမားသုံးဦးတွေ့ဆုံ၍ အမှတ်တရ ဓာတ်ပုံရိုက်ကူးခဲ့သေးကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here